ဝိတ်တော့ချနေပါရဲ့ ဝိတ်လည်းမကျပါဘူးလို့ ထင်နေလား။ အစားလျှော့စား လေ့ကျင့်ခန်းများများလုပ်ပေမယ့်လည်း ဘယ်လောက်မှလည်း ကျမသွားဘူးဆိုပြီး စိတ်ဓါတ်ကျနေလား။ ဒီအကြောင်းလေးတွေကို သင်လုပ်နေမိသလားဆိုတာကြည့်ရအောင်ပါ။

အိပ်ရေး၀၀မအိပ်ခြင်း

အလုပ်ကို ညည့်နက်ထိလုပ်တာ၊ စာအလွန်အကျွံလုပ်တာတွေကြောင့် ညည့်နက်မှ အိပ်ယာဝင်တတ်တဲ့သူဖြစ်နေလို့ပါ။ ဒါပေမယ့်လည်း အလွန်အကျွံအိပ်စက်မယ်ဆိုရင်လည်း ကိုယ်အလေးချိန်မကျနိုင်သလို နည်းနည်းပဲအိပ်ရင်လည်း ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။ တစ်နေ့ကို ၇ နာရီအိပ်ပါ။

စိတ်ဖိစီးမှုများလို့ခြင်း

အလုပ်ကိစ္စ၊ ငွေရေးကြေးရေးကိစ္စ၊ အချစ်ရေးကိစ္စတွေနဲ့ စိတ်ဖိစီးမှုတွေများနေတာကလည်း ကိုယ်အလေးချိန်တက်စေပါတယ်။

ပရိုတင်းဓါတ်နည်းနည်းသာစားသုံးခြင်း

အသီးအရွက်သုပ်တွေစားပေးတာဟာ ကောင်းမွန်ပါတယ်။ ဒါပေမယ့်လည်း ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အသားဓါတ် အလုံအလောက်မစားပေးရင်လည်း ကိုယ်အလေးချိန်တက်စေပါတယ်။ ဒါ့ကြောင့် ဒိန်ချဉ်၊ ကြက်ဥ၊ ဆယ်လ်မွန်ငါး၊ ကြက်သားကို စားပေးပါ။ သင်ဟာ သက်သက်လွတ်လား ဒါဆိုလည်းမပူပါနဲ့နော်။ ပဲနို့တွေ၊ ပဲအမျိုးမျိုး စားနိုင်ပါတယ်။

လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်း

လေ့ကျင့်ခန်းအလွန်အကျွံလုပ်တာဟာ သင့်ကို ပင်ပန်းနွမ်းနယ်စေပါတယ်။ အဆီတွေရော ကြွက်သားတွေကိုရော ဆုံးရှုံးပါတယ်။ လေ့ကျင့်ခန်း စလုပ်တဲ့သူတွေက အပြင်းအထန်လုပ်တာမျိုး မလုပ်သင့်ပါဘူး။ လေ့ကျင့်ခန်းလုပ်ပြီး ပင်ပန်းရင် အစားများများစားမိလို့ပါ။

ကယ်လိုရီတွေ အများကြီးလောင်ကျွမ်းသွားပြီလို့ ယူဆခြင်း

ကယ်လိုရီတွေအများကြီးလောင်ကျွမ်းသွားပြီလို့ ယူဆပြီး အစာကို များများစားတာမျိုး ဖြစ်တတ်ပါတယ်။

မနက်စာမစားခြင်း

မနက်စာမစားတာက ကိုယ်အလေးချိန်တက်စေရုံသာမက ကျန်းမာရေးနဲ့လည်းမညီညွှတ်ပါဘူး။ ရေတစ်ခွက်မသောက်ဘဲ နေ့တစ်နေ့ကို စတင်တာဟာ သင့်ကို နေ့လည်နေ့ခင်းမှာ ပိုမိုစာလောင်စေပြီး သရေစာတွေ ပိုပြီးစားမိစေပါတယ်။

ညစာအလွန်အကျွံစားခြင်း

ညစာအလွန်အကျွံစားတာကလည်း ဝိတ်တက်စေပါတယ်နော်။

ဗီတာမင် ချို့တဲ့ခြင်း

အစာစားရာမှာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ မျှတအောင် စားပေးဖို့လိုပါတယ်။ ဗီတာမင်ဓါတ်ချို့တဲ့တာကလည်း သင့်ကို ဝိတ်တက်စေပါတယ်။

ရေဓါတ်ဖြည့်တင်းဖို့ မေ့လျော့ခြင်း

အသီးအနှံ၊ အရွက်တွေစားပေးရုံသာမက ရေများများသောက်ပေးဖို့လည်းလိုအပ်ပါတယ်။ တစ်နေ့ကိုရေ ၈ ခွက်အနည်းဆုံးသောက်ပါ။ ညအိပ်ယာမဝင်ခင်နဲ့ မနက်အိပ်ယာနိုးနိုးချင်း ရေ ၂ ခွက်ဆီသောက်ပေးပါ။

သင့်ဝိတ်ချနေတယ်ဆိုတာကို သတိရပါ။

ဝိတ်ချတယ်ဆိုတာ စိန်ခေါ်မှုတစ်ခုပါပဲ။ အလှအပတစ်ခုအတွက်သာမက ကျန်းမာရေးအတွက်လည်း အထောက်ကူဖြစ်ပါတယ်။ သင်ဝိတ်ချနေတယ်ဆိုတာ သတိရပါ။ ပျော်မွေ့ပါ။

Featured Image Source: sheknows.com