ဒိတ်လုပ်တာနဲ့ပတ်သက်လာရင် ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးတွေဟာ တခြားမိန်းကလေးတွေထက်ပိုပြီး ချေးများတတ်ကြပါတယ်။ ဘေးလူတွေရဲ့ တွန်းအားပေးမှုတွေကြောင့် တွေ့တဲ့လူနဲ့ကောက်တွဲလိုက်မယ့်အစား သူတို့နဲ့ကိုက်ညီတဲ့၊ လိုက်ဖက်ညီတဲ့သူကိုပဲ ထိုင်စောင့်နေတတ်ကြပါတယ်။ ဒါကြောင့်မို့လည်း အခုနောက်ပိုင်းဆိုရင် အမျိုးသမီးအများစုက ပိုပိုပြီးတော့ တစ်ယောက်တည်းနေလာကြကာ ကိုယ့်အပျော်ပဲရှာတတ်ကြလာပါပြီ။ အကြောင်းအရင်းကတော့ ရိုးရိုးလေးပါပဲ….ခေါင်းရှုပ်စရာတွေမလိုချင်ဘဲ ပိုပြီးပျော်ရွှင်ချင်လို့ပဲဖြစ်ပါတယ်။

အရင်တုန်းကတော့ အဖော်မရှိဘဲ တစ်ယောက်တည်းနေရင် ဝမ်းနည်းရတယ်၊ အထီးကျန်သလိုခံစားရနိုင်တယ်ဆိုပြီး ပြောလေ့ရှိကြပေမယ့်လည်း အခုအချိန်မှာတော့ ဒီစကားက လုံးဝမှားနေပါပြီ။ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

၁။ သူတို့အတွက်အချိန်ပိုပေးလာနိုင်တယ်

Source: FreeDesignFile

Relationship ရှိတဲ့ အမျိုးသမီးတွေဟာ သူတို့အတွက်သူတို့ အချိန်မပေးနိုင်တာနဲ့ပတ်သက်ပြီး မကြာခဏဆိုသလို ညည်းညူတတ်ကြပါတယ်။ သူတို့ရဲ့ချစ်သူကောင်လေးတွေကို အမြဲလိုက်ပြီးဂရုစိုက်နေရတာ ဒါမှမဟုတ် သူတို့ရဲ့သားသမီးတွေနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်နေရတာနဲ့ကို အချိန်ကုန်ရတတ်ပါတယ်။ ဒါပေမယ့် ကိုယ်က Single ဆိုရင်တော့ ကိုယ့်ရဲ့အချိန်တွေအားလုံးကို ကိုယ့်အတွက်ပဲ ပြည့်ပြည့်ဝဝအသုံးချနိုင်ပါတယ်။ လက်သည်းနီဆိုးမလား၊ ရှိုးပွဲတွေသွားမလား၊ စသဖြင့်ကို ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်ပါတယ်။

၂။ တစ်ဖက်လူရဲ့ မျှော်လင့်ချက်တွေကို လိုက်ညှိနေစရာမလိုဘူး

Source: Freepik

ကိုယ့်ချစ်သူရဲ့မွေးနေ့ကိုမှတ်ထားရတာ၊ ချစ်သူများနေ့မှာ သူ့အတွက် လက်ဆောင်ဝယ်ပေးရတာ၊ နှစ်ပတ်လည်နေ့တွေအတွက် ပြင်ဆင်ရတာ၊ ကိုယ့်ကိုယ်ကိုခေါင်းအစခြေအဆုံး အလှပြင်ရတာ စသဖြင့် အချက်တွေကိုမရေတွက်နိုင်ပါဘူး။ Relationship တစ်ခုအတွက် လုပ်ရမှာတွေများသလို တစ်ခါတစ်လေဆိုရင် စိတ်ပင်ပန်းလွန်းလှပါတယ်။ တစ်ဖက်ကကြည့်မယ်ဆိုရင်တော့ Single တစ်ယောက်အနေနဲ့ ဘယ်သူ့ဘယ်သူရဲ့ အထင်ကြီးတာခံရအောင်လို့ ဝတ်စားဆင်ယင်နေစရာမလိုပါဘူး။ ကိုယ်သဘောကျရာ၊ ကိုယ်ကြိုက်ရာအတိုင်းပဲ ပေါ့ပေါ့ပါးပါး နေထိုင်ပြောဆိုနိုင်ပါတယ်။

၃။ ကိုယ့်အလုပ်အကိုင်ပေါ် အာရုံစိုက်နိုင်ပြီး ကိုယ်လိုချင်တာကို ရှာဖွေတယ်

Source: Virgin

အမြဲတမ်းမဟုတ်ရင်တောင် အချိန်အများစုမှာ အမျိုးသမီးတွေက တည်ငြိမ်တဲ့ Relationship တစ်ခုကိုရရှိဖို့အတွက် သူတို့ရဲ့ မျှော်လင့်ချက်တွေ၊ ရည်မှန်းချက်၊ အိပ်မက်တွေကို စွန့်လွှတ်အနစ်နာခံတတ်ကြပါတယ်။ သူတို့ရဲ့ပတ်ဝန်းကျင်က လူတွေကိုပျော်ရွှင်စေချင်တဲ့စိတ်တစ်ခုကြောင့် သူတို့ရဲ့ကိုယ်ပိုင်ပျော်ရွှင်မှုတွေကို အနစ်နာခံတတ်ပါတယ်။ Single အမျိုးသမီးတွေကတော့ လွတ်လပ်မှုရှိတာကြောင့် ရည်မှန်းချက်ကြီးပြီး သူတို့လိုချင်တဲ့ပန်းတိုင်တွေကို ရောက်နိုင်အောင်လို့ အာရုံစိုက်ကြပါတယ်။

၄။ တခြားလူတွေရဲ့ ပြောစကားတွေကို ဂရုမစိုက်ဘူး

တစ်ယောက်တည်းနေတာကြာလာတဲ့အခါ ကိုယ့်ကိုဝေဖန်ပြောဆိုနိုင်မယ့်သူဟာ သင်တစ်ဦးတည်းဆိုတာကို နားလည်သဘောပေါက်လာပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်လာပြီး တခြားလူတွေရဲ့ ပြောစကားမှန်သမျှကို လုံးဝဂရုမစိုက်တော့ပါဘူး။

၅။ တခြားလူတွေနဲ့ဆက်ဆံရေး ပိုကောင်းလာတယ်

Source: Freepik

Relationship ရှိလာပြီဆိုရင် ကိုယ့်ရဲ့ချစ်သူအပေါ်မှာ အချိန်အများကြီးအကုန်ခံတတ်တဲ့အတွက် ကိုယ့်ရဲ့သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ ပေါင်းသင်းဆက်ဆံတာ နည်းလာပြီး ဝေးသထက်ဝေးလာတတ်ပါတယ်။။ ဒါပေမယ့် ကိုယ်က Single ဆိုရင်တော့ ကိုယ်ချစ်ရသူတွေနဲ့ မကြာမကြာတွေ့ဆုံနိုင်ပြီး အဖိုးတန်တဲ့အချိန်တွေကို ကုန်ဆုံးနိုင်ပါတယ်။

၆။ မကြာမကြာခရီးထွက်ပြီး ပူပင်စရာနည်းလာတယ်

Source: Tripadvisor

Single ဖြစ်ရတာဟာ ကမ္ဘာကြီးက မတူညီတဲ့အမြင်နဲ့ မြင်နိုင်အောင်လို့ ကူညီပေးသလို Relationship ရှိနေချိန်မှာ မလုပ်ဖြစ်နိုင်ခဲ့တဲ့အရာတွေကို လုပ်နိုင်မယ့်အတွေ့အကြုံတွေကိုလည်း ပေးစွမ်းလာပါတယ်။ မကြာမကြာဆိုသလိုလည်း ခရီးထွက်နိုင်ပြီး ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတာတွေကို လေ့လာစူးစမ်းနိုင်ပါတယ်။