စာဖတ်သူတွေထဲမှာ မှန်ကြောင်လေးတွေများရှိလားရှင့်။ မှန်ကြောင်လေးတွေဟာ အမြဲတမ်းလိုလို လူတွေကြားထဲမှာ ပိုပြီး popular ဖြစ်နေတတ်ပါတယ်။

သင့်ကိုတွေ့လိုက်တာနဲ့ မျက်မှန်လေးနဲ့ တစ်ယောက်လေဆိုပြီး ပြောတာကိုရော ခံရဖူးလား။ မှန်ကြောင်လေးဆိုပြီး သင့်ကို လူတွေ အမြဲစနောက် နေတာဟာ သင့်ကို သတိထားမိလို့ပါပဲ။ မျက်မှန်တပ်ထားရင် တစ်ချို့က ဆွဲဆောင်မှုမရှိဘူးလို့ ထင်ကြပေမယ့် တကယ်တော့ မျက်မှန်တပ်ထားတဲ့ မှန်ကြောင်လေးတွေမှာ အားသာချက်တွေ အများကြီးရှိနေပါတယ်နော်။ အခုဆိုရင် မျက်မှန်ကို ပါဝါမရှိရင်တောင် ဖက်ရှင်တစ်ခုအနေနဲ့ တပ်ထာနေကြပါပြီနော်။ မှန်ကြောင်လေးတွေရဲ့ အားသာချက်တွေကို မျှဝေပေးလိုက်ပါတယ်။

မျက်မှန်လေးတပ်ထားတာက အမြဲတမ်းလန်းနေတယ်။

မျက်မှန်လေးတွေဟာ သင့်ကိုပိုပြီး smart ဖြစ်စေပါတယ်။

မျက်မှန်လေးတွေဟာ ချွတ်ရ တပ်ရလွယ်ကူပြီး မျက်ကပ်မှန်ထက် မျက်လုံးထိခိုက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။ အလွယ်တကူလည်း သန့်ရှင်းရေးလုပ်လို့ရပါတယ်။

မျက်မှန်တွေက သင့်ကိုပို ဆွဲဆောင်မှုရှိစေတယ်။

မျက်မှန်လေးတွေက အမြဲတမ်း ဖက်ရှင်ကျတယ်။

မျက်မှန်တပ်ထားလို့ ဖုန်တွေ အညစ်အကြေးတွေ ကနေကာကွယ်ပေးရုံသာမက UV ဒဏ်ကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ မျက်လုံးက လူတစ်ယောက်အတွက် အရေးကြီးဆုံး အင်္ဂါအစိတ်အပိုင်းတစ်ခုပါပဲနော်။

ရှင်းရှင်းလင်းလင်းမြင်ရတယ်။

စာဖတ်သူတို့အနေနဲ့လည်း မျက်မှန်တပ်ထားတဲ့ အားသာချက်တွေကို comment လေးတွေပေးခဲ့ဦးနော်။