ညဖက်တွေ အိပ်ယာထဲ လူးလှိမ့်ပြီး အိပ်မပျော်ဘဲဖြစ်ဖူးပါသလား။ စောင်ခြုံခြင်းက မှော်ဆန်ဆန် မျက်လှည့်ပြလိုက်သလို အမြန်အိပ်ပျော်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ ပူအိုက်တဲ့ ရာသီဥတုမျိုးတွေမှာတောင် စောင်မခြုံဘဲ မအိပ်နိုင်ရတဲ့ အကြောင်းအရင်းတွေ ရှိနေပါတယ်။

ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးတယ်

လူတွေက သွေးနွေးသတ္တဝါတွေဖြစ်ကြပါတယ်။ ဆိုလိုတာကတော့ နွေးထွေးနေစေဖို့အတွက် ခန္ဓာကိုယ်က သူ့ရဲ့အတွင်းအပူချိန်ကို ထိန်းညှိပေးပါတယ်။ အိပ်ပျော်နေတဲ့အချိန်မှာ အပူချိန်ထိန်းချုပ်မူက လျှော့ကျသွားပါပြီ။ ဒါကြောင့် ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိဖို့အတွက် စောင်ရဲ့အကူအညီကို ရယူရပါတယ်။ အကယ်၍ စောင်မခြုံဘဲ အိပ်ပျော်သွားခဲ့မယ်ဆိုရင်တောင် ညကြီးသန်းခေါင် နိုးလာတက်ပါတယ်။ ဒါဟာ ခန္ဓာကိုယ်အတွင်း အပူချိန် ပုံမှန်ထက် ကျဆင်းသွားလို့ပါပဲ။

စောင်ဟာ နေ့စဉ်အိပ်ယာဝင်ချိန်မှာ လိုအပ်တဲ့အစိတ်အပိုင်းတခုဖြစ်တယ်

စောင်ခြုံခြင်း အလေ့အကျင့်ဟာ လူတွေရဲ့ အိပ်ယာဝင်ချိန်အပေါ် အများကြီး သက်ရောက်မှုရှိစေပါတယ်။ လူတွေက အကျင့်ဖြစ်လွယ်တဲ့ သတ္တဝါတွေပါ။ ဒါကြောင့် စောင်ခြုံခြင်း အလေ့အကျင့်ဟာ လူတွေအပေါ် အများကြီးသက်ရောက်မှုရှိစေပါတယ်။

စောင်ခြုံလိုက်တာနဲ့ အကုန်လုံးလုံခြုံသွားပြီလို့ မခံစားရတောင်မှ စောင်ခြုံသောအလေ့အထကို စွဲလမ်းအသုံးပြုဆဲပါ။ ခန္ဓာကိုယ်က ညအိပ်ယာဝင်ချိန် စောင်ခြုံလိုက်သည်နဲ့ အိပ်ချိန်ရောက်ပြီဆိုတာကို လက်ခံလိုက်ပါတယ်။

စောင်ခြုံခြင်းက စိတ်ဖိစီးမှုနဲ့ ပူပန်သောကကို လျော့နည်းစေခြင်း

Serotonin – ဟော်မုန်းဓာတ်ဟာ လူတွေရဲ့စိတ်ကျေနပ်ပျော်ရွှင်မှုကို ထိန်းကြောင်းပေးသောနေရာမှာ အရေးကြီးတဲ့ခံစားမူကို ကောင်းမွန်စေတဲ့ ဓာတုပစ္စည်း ဓာတ်တစ်မျိုးဖြစ်ပါတယ်။ စိတ်ဖိစီးမှု၊ ပူပန်သောကများတဲ့အခါ အိပ်ပျော်ဖို့ ခက်ခဲတတ်ကြပါတယ်။ ဒါပေမယ့် စောင်ခြုံလိုက်တဲ့အခါမှာ ဟော်မုန်းဓာတ်မြင့်တက်လာပြီး ခံစားနေရတဲ့ ခံစားချက်တွေ အဝေးကိုလွှင့်သွားသလိုမျိုး ဖြစ်စေပါတယ်။

စောင်ခြုံခြင်းက နှစ်ခြိုက်စွာအိပ်ပျော်စေရန် အကူညီပေးနိုင်ခြင်း

စောင်ခြုံခြင်းက ရာသီဥတု အသေးစားတစ်ခုကို ဖန်တီးပေးနိုင်ပြီး အရေပြားကို အနွေးဓာတ်ပေးနိုင်ပြီး ခန္ဓာကိုယ်တွင်း အအေးဓာတ်ကိုလည်း လိုသလောက် လျော့ချပေးကာ လျင်မြန်စွာ အနှောက်ယှက်ကင်းကင်းနှင့် အိပ်ပျော်နိုင်အောင် ကူညီပေးနိုင်ပါတယ်။

စောင်ခြုံခြင်းဖြင့် လုံခြုံတဲ့ခံစားချက်ကို အစပျိုးပေးနိုင်ခြင်း

ကလေးဘဝတွင် အမှောင်ကို ကြောက်သော တူညီတဲ့ခံစားချက်ရှိကြပါတယ်။ အခုလို ခံစားချက်ဖြစ်ပေါ်လာတိုင်း ခန္ဓာကိုယ်တစ်ခုလုံး ဖုံးအုပ်လိုက်ရမှ လုံခြုံတယ် ထင်မှတ်တတ်ကြတယ်။ ဒါဟာ မျက်လှည့်ဆန်ဆန် ကြောက်ရွံ့ခြင်းကို တိုက်ခိုက်ပြီး အနားယူကာ မိမိကိုယ်မိမိ လုံခြုံသွားတယ်လို့ ခံစားရတဲ့ သဘောမျိုးဖြစ်ပါတယ်။ ယနေ့ထိတိုင် လုပ်ဆဲ အလေ့အထတစ်ခုလည်း ဖြစ်ပါတယ်။

Source: Brightside