ကျွန်မတို့ နေ့စဉ်သုံးနေကျ ဖုန်းက တာဝန်အမျိုးမျိုး ထမ်းဆောင်နိုင်ပြီး ဘဝရဲ့ မရှိမဖြစ် ပစ္စည်းတစ်ခုတောင်ဖြစ်လာပါပြီ။ ဖုန်းကွဲသွားတယ်၊ ဖုန်းပျက်သွားတယ်ဆိုရင်တောင် ကမ္ဘာကြီးပျက်စီးသွားရတဲ့အထိ ခံစားရမလို ဖြစ်လာပါပြီ။ လူအများစုက ဖုန်းမှာ Alarm ပေးတတ်ကြပါတယ်။ ဒါပေမဲ့ ဖုန်းမှာ Alarm ပေးတာက မကောင်းတဲ့အရာတွေဆီ ဦးတည်သွားနိုင်ပါတယ်။ ဘာတွေလဲဆိုတော့-

၁။ ဖုန်းက သင့်အိပ်ချိန်ကို အနှောင့်အယှက်ပေးနိုင်တယ်


များသောအားဖြင့် ကျွန်မတို့က ဖုန်းကိုင်လိုက်ပြီဆိုတာနဲ့ Social Media ကို အကြောင်းမရှိဘဲနဲ့ မအိပ်ခင် ထိုင်ကြည့်တတ်ကြပါတယ်။ မအိပ်ခင် ဖုန်းသုံးတာက အိပ်ချိန်ကို ပိုနည်းစေပါတယ်။ ဖုန်းမှာပါဝင်တဲ့ အပြာရောင် အလင်းက ကျန်းမာရေးအတွက် မကောင်းပါဘူး။

၂။ မနက်ပိုင်း လုပ်ငန်းတာဝန်တွေကို အနှောင့်အယှက်ပေးတယ်


ထပ်ပြီးတော့ မနက် Alarm မြည်တဲ့အချိန်လည်း ဖုန်းကိုင်ထားတာကြောင့် လက်က ဘာ Message တွေဝင်လဲ သွားကြည့်တတ်ကြပါတယ်။ အိပ်ရာပေါ်က မထဘဲ ဖုန်းပွတ်နေတာက ကျွန်မတို့ရဲ့ မနက်ပိုင်းအရေးပါတဲ့ လုပ်ငန်းတွေအတွက် အချိန်လစ်ဟင်းစေပါတယ်။

၃။ ကြားဖို့ခက်တယ်


သင်က ဖုန်း Alarm သံကို သီချင်းသံ ပေးထားတယ်ဆိုရင် ကြားဖို့ ခက်ခဲပါတယ်။ ပြီးတော့ ဖုန်း Alarm အသံက တကယ့် နှိုးစက်လို မကျယ်ပါဘူး။ တစ်ခါတလေ အသံမကြားဘဲ ဖြစ်တတ်ပါတယ်။ ဖုန်း Alarm အသံတွေက ကြားရတာ ရိုးနေတာလည်း ဖြစ်တတ်ပါတယ်။

၄။ ဘတ်ထရီကုန်နိုင်တယ်


တကယ်လို့ သင်က ဖုန်းကို အားမသွင်းထားဘူးဆိုရင် ဖုန်း Alarm က အားကုန်တာနဲ့ အလုပ်မလုပ်တော့ပါဘူး။ ဒီလိုသာဖြစ်ခဲ့ရင် သင်အလုပ်နောက်ကျတာ ၊ အိပ်ရာထ နောက်ကျတာတွေဖြစ်ပါလိမ့်မယ်။

သင်ကော လက်ရှိ ဖုန်း Alarm နဲ့ အိပ်ရာထ တတ်လား။ဒါမှမဟုတ် ရိုးရိုး နှိုးစက်နဲ့ အိပ်ရာထတက်လား ပြောပြခဲ့ပါဦး။

Source: Brightside.me

By MyStyle Myanmar