မနက်ခင်းကို ရေသောက်ခြင်းနဲ့ ဘာကြောင့် အစပြုသင့်လဲ

မနက်ခင်းအိပ်ယာနိုးတာ နဲ့ ဗလာနတ္တိ အစာအိမ်ထဲကို ရေအလုံအလောက်သောက်သုံးပြီး စတင်လိုက်ပါ။ ရေသောက်တာဟာ ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုတာ စာဖတ်သူအနေနဲ့ သိပြီးသားဖြစ်ပေမဲ့ ဒီနေ့မှာတော့ ပိုမိုစိတ်ဝင်စားစရာကောင်းတဲ့ နည်းလမ်းသစ်လေးတွေကို မျှဝေပေးသွားပါမယ်။

ပျမ်းမျှအားဖြင့် ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးလို့ သတ်မှတ်ခြင်းခံရတဲ့ ဂျပန်နိုင်ငံသားတွေဟာ ခန္ဓာကိုယ်ဓါတ်ကို ပြန်လည်ဖြည့်တင်းဖို့နဲ့ ရောဂါဝေဒနာတွေကို ကာကွယ်နိုင်ဖို့ အခုဖော်ပြမဲ့ နည်းစနစ်ကို ကျင့်သုံးပါတယ်။

ရေသောက်တာဟာ ခေါင်းကိုက်တာ ကိုယ်လက်ကိုက်ခဲတာ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ ဝက်ရူးပြန်ရောဂါ ၊ပန်းနာရင်ကျပ် ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါ၊ အစာအိမ်ရောင်ရောဂါ၊ ဝမ်းချုပ်၊ ဝမ်းလျှော၊ သားအိမ်ရောဂါတွေနဲ့ အမျိုးသမီး ဓမ္မတာဆိုင်ရာ ပြဿနာတွေ၊ မျက်စိဝေဒနာ ၊နား ၊နှာခေါင်း၊ လည်ပင်းနဲ့ဆိုင်တဲ့ ရောဂါ စတာတွေအတွက် ကောင်းမွန်ပါတယ်။

38862984-cms

ဘယ်လိုသောက်ရမလဲ

၁။ မနက်အိပ်ယာနိုးတာနဲ့ ပထမဆုံးပြုလုပ်ရမှာကတော့ ရေ (၄) ခွက် (၆၄၀ မီလီမီတာ) သောက်ပါ။

၂။ အဲဒီနောက် သွားတိုက်ပြီး ၄၅ မိနစ်အတွင်း အစာ (သို့) ရေမသောက်ပါနှင့်။

၃။ အဲဒီနောက် သင့်တနေ့တာရဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ဆောင်နိုင်ပါပြီ။

မှတ်ချက်။ ။ တကယ်လို့ စာဖတ်သူဟာ အသက်အရွယ်အိုမင်းနေသူတစ်ယောက် (သို့) နာမကျန်းဖြစ်နေတဲ့သူတစ်ယောက်ဆိုရင် အထက်ဖော်ပြပါ ပမာဏအတိုင်း ရေမသောက်နိုင်ရင်လည်း သောက်နိုင်သလောက်သာသောက်ပါ။ မိမိမသောက်နိုင်တာကို ၄ ခွက်ပြည့်အောင် သောက်မယ်ဆိုပြီး အတင်းအကြပ် လုပ်ယူစရာမလိုပါဘူး။

အထက်မှာ ဖော်ပြခဲ့တဲ့ ဝေဒနာတစ်ခုခု ခံစားနေရရင် အခုမျှဝေပေးလိုက်တဲ့ နည်းလမ်းလေးကို ကျင့်သုံးလိုက်ပါ။ ခြားနားတဲ့ ခံစားချက်မျိုးကို ရရှိပိုင်ဆိုင်လာမှာဖြစ်ပါတယ်။

လိုက်နာပြုလုပ်ရမဲ့ ကာလ

အထက်ပါနည်းအတိုင်း ပြုလုပ်ရမဲ့ အချိန်ကာလကိုတော့ မိမိလိုအပ်သလို ချိန်ဆနိုင်ပါတယ်။

  • စာဖတ်သူဟာ သွေးတိုးတဲ့ ဝေဒနာ ခံစားနေရသူဖြစ်ရင် အထက်ပါနည်းအတိုင်း ရက် ၃၀ ခန့် ပြုလုပ်ပေးပါ။
  • အစာအိမ်ရောင် ဝေဒနာခံစားနေရသူဖြစ်ရင် ၁၀ ရက်ပြုလုပ်ပေးပါ။
  • ဆီချို ဝေဒနာရှင်တွေအတွက် ရက် ၃၀ ပြုလုပ်ပေးပါ။
  • ဝမ်းချုပ်နေရင်တော့ ၁၀ ရက် ပြုလုပ်ပေးပါ။
  • တီဘီ (B) ဝေဒနာရှင်တွေကတော့ ရက်ပေါင်း ၉၀ လောက် အတန်ကြာ ပြုလုပ်ပေးရပါမယ်။
  • အဆစ်အမြစ် ကိုက်ခဲတဲ့ ဝေဒနာခံစားနေရသူတွေကတော့ ၃ ရက်သာပြုလုပ်ပေးပြီ ၁ ပတ်လောက် နားထားပါ။ အဲဒီနောက် နေ့စဉ်ပုံမှန်ပြုလုပ်ပေးပါ။

105359

စာဖတ်သူမှာ အထက်ဖော်ပြခဲ့တဲ့ ဝေဒနာတွေရှိမနေခဲ့ရင်လည်း ဒီနည်းလမ်းကို အခြေခံကျကျပြုလုပ်ပေးပြီး အားအင်ပြည့်ဝတဲ့ နေ့သစ်ကို စတင်လိုက်ဖို့ အကြံပြုလိုက်ပါရစေ။

Credit: Health and Food