ညဘက်မှာ ခြေအိတ်စွပ်ပြီးအိပ်တာက အခိုးပိတ်တယ်၊ အပူငုပ်တယ်လို့ပြောကြပေမယ့် တကယ်တမ်း ကောင်းကျိုးတွေလည်း ရှိပါတယ်။ ဒါကြောင့် ဘယ်လိုကောင်းကျိုးတွေရနိုင်လဲဆိုတာကို သိသွားအောင် ညဘက်မှာ ခြေအိတ်စွပ်ပြီး အိပ်ပေးခြင်းကြောင့် ရရှိလာမယ့် ကောင်းကျိုးအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
ညဘက်အိပ်တဲ့အခါမှာ ခြေအိတ်စွပ်ပြီးအိပ်ရင် မြန်မြန်အိပ်ပျော်စေတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။
ညဘက်မှာ ခြေအိတ်စွပ်အိပ်ပေးတာက ခန္ဓာကိုယ်အပူချိန်ကို လျော့ချပေးပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။
ညဘက်မှာ ခြေအိတ်စွပ်အိပ်မယ်ဆိုရင် ခြေဖမိုး၊ ခြေဖဝါးကို foot cream (သို့) lotion လိမ်းပြီး အိပ်ပါ။ ဒီလိုလိမ်းပြီးမှ ခြေအိတ်စွပ်အိပ်တာက ခြေထောက် အသားမာတက်တာ၊ ခြေဖဝါးအက်ကွဲတာ၊ ကြမ်းတမ်းတာတွေကို သက်သာပျောက်ကင်းစေပါတယ်။
Source: www.brightside.me