Body Acne ဆိုတာအတိုင်း မျက်နှာပေါ်မှာထွက်တာမျိုးမဟုတ်ပဲနဲ့ ကိုယ်ခန္ဓာရဲ့ကျောဘက်တွေမှာ၊ ရင်ဘက်အနီးတစ်ဝိုက်နားမှာလည်း Body Acne လေးတွေက ထွက်လေ့ရှိပါတယ်။ ဒီလိုမျိုး Bacne လေးတွေထွက်တာကလည်း ကိုယ့်ရဲ့Lifestyle နဲ့လည်းအများကြီးသက်ဆိုင်ပါတယ်။ Bacne ကိုကုသလို့ရတဲ့နည်းလမ်းမရှိတော့ဘူးလာဆိုတာ မဟုတ်ပါဘူး။ သူကလည်း ဝက်ခြံတွေလိုမျိုးပဲ ချက်ချင်းကြီးထွက်ပြီး ဆေးလေးတို့လိုက်နဲ့ ပျောက်သွားတာမျိုးတော့ မဟုတ်ပါဘူးနော်။ Body Acne လေးတွေက ချွေးပေါက်ပိတ်ရာကနေစပြီးထွက်ရှိလာတတ်ပြီး အညစ်ကြေးတွေနဲ့ထိတွေ့မှုများရင်လည်း ထွက်လာတတ်ကြပါတယ်။ နောက််တစ်ချက်က အစားအသောက်ကြောင့်လည်း Body Acne လေးတွေထွက်လာတတ်ကြပါတယ်။ အချဥ်နဲ့အစပ်စားများတဲ့ သူတွေမှာတော့ မျက်နှာပေါ်မှာထွက်မလာရင် Body မှာတော့ထွက်လာတတ်ပါတယ်။ ကဲ့ဒီလိုဆိုရင် Body Acne လေးတွေကိုဖြစ်စေတဲ့ အကြောင်းအရင်းလေးတွေနဲ့ ရှောင်ရန်အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

တင်းကျပ်တဲ့အဝတ်အစားများဝတ်ခြင်း 


ဒီပြဿနာက ပူအိုက်လွန်းတဲ့ရာသီမျိုးမှာ အဖြစ်များလေ့ရှိပါတယ်။ ရာသီဥတုကပူသလို ခန္ဓာကိုယ်မှာလည်း တင်းကျပ်တဲ့အဝတ်အစားမျိုးတွေ၊ သက်တောင့်သက်သာ မဖြစ်တဲ့အဝတ်အစားမျိုးတွေ၊ လေဝင်လေထွက်မရှိတာမျိုးတွေ ဝတ်ခြင်းကိုရှောင်ပေးရပါမယ်။ ကျပ်တဲ့အဝတ်အစားတွေ ဝတ်တဲ့အခါမှာ ထွက်လာတဲ့ချွေးတွေကနေတစ်ဆင့် ခန္ဓာကိုယ်ရဲ့မွေးညှင်းပေါက်လေးတွေကို ပျက်စီးစေနိုင်တဲ့အတွက် ဘက်တီးရီးယားပိုးတွေဝင်လာနိုင်ပါတယ်။

ပုဝါများကို သန့်ရှင်းစွာ အသုံးမပြုခြင်း 


ကိုယ့်ရဲ့အသားအရေနဲ့ တိုက်ရိုက်ထိတွေ့နေတဲ့ ပုဝါတွေဖြစ်တဲ့ မျက်နှာသုတ်ပုဝါ၊ သဘက်၊ စတဲ့ရေသုတ်တဲ့ ပုဝါတွေမှာက မျက်လုံးနဲ့ မမြင်ရတဲ့ ပိုးမွှားလေးတွေ အများကြီးကပ်နေပါတယ်။ အနည်းဆုံးတစ်ပတ်တစ်ခါ သို့မဟုတ် နှစ်ပတ်တစ်ခါလောက်တော့ ပုံမှန်လေးလဲပေးသင့်ပါတယ်။ ညစ်ပေနေတဲ့ ပုဝါတွေကို အသုံးပြုခြင်းအားဖြင့် ဆဲလ်အသေတွနဲ ဖုန်မှုန့်တွေကနေတစ်ဆင့် Body Acne ကိုဖြစ်စေဖို့အတွက် ပိုးမွှားတွေကိုတွန်းအားပေးသလို ဖြစ်စေနိုင်ပါတယ်။

အစားအသောက်မမှန်ခြင်း 


တစ်ချို့သူတွေက ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေက ဆယ်ခါမှာ တစ်ခါလောက်သာစားပြီး ခန္ဓာကိုယ်အတွက်ဆိုးကျိုးဖြစ်စေတဲ့ Fast Food တွေ ခေါက်ဆွဲခြောက်တွေကို နေ့တိုင်းစားသုံးရင်လည်း Body Acne ကိုဖြစ်စေပါတယ်။  ဒါကြောင့် Body Acne တွေမထွက်ဖို့အတွက် အသား၊ ငါးတို့ကို ပုံမှန်လေးစားပေးသင့်ပါတယ်။
Photo Source – Free.pik