ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး နမ်းချိန်ကတော့ ၅၈ နာရီ၊ ၃၅ မိနစ်၊ ၅၈ စက္ကန့်နဲ့ စံချိန်တင်ထားပါတယ်။ ဒီစံချိန်တင်ထားတဲ့ စုံတွဲကတော့ ဘယ်လို ခွန်အားတွေနဲ့ နမ်းတာလဲ ခန့်မှန်းမရနိုင်ပါဘူး။ ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ စုံတွဲတစ်တွဲ နမ်းတဲ့အချိန် ဘာကြောင့်မျက်လုံးမှိတ်တတ်တာလဲ ဗဟုသုတရဖို့ရာ ပြောပြပါရစေ။

၁။ အာရုံပိုစိုက်နိုင်အောင်

စိတ်ပညာရှင်တွေရဲ့အဆိုအရ မျက်လုံးရှေ့မြင်ရတဲ့ အရာမှန်သမျှက ဦးနှောက်ကို အာရုံစိုက်နိုင်ဖို့ အခက်အခဲဖြစ်စေပါတယ်။ မျက်လုံးက အလုပ်လုပ်နေတဲ့အချိန် တစ်ခုခုကို အာရုံစိုက်နိုင်ဖို့ ခက်ခဲတတ်ပါတယ်။ ဒါကြောင့် မျက်လုံးမှိတ်တတ်ကြတာပါ။

၂။ အထိအတွေ့ကိုပိုခံစားချင်လို့

နမ်းတဲ့အချိန် မျက်လုံးမှိတ်တာက ပိုအာရုံစိုက်နိုင်ဖို့ ကူညီပေးသလို အထိအတွေ့ကိုပိုခံစားနိုင်ဖို့လည်း အကူအညီဖြစ်စေပါတယ်။ ဦးနှောက်က ဒီအထိအတွေ့ကို ပိုခံစားမိစေပါတယ်။

၃။ အားငယ်စိတ်ကို ပြေပျောက်စေဖို့

နမ်းတာက တစ်ယောက်နဲ့ တစ်ယောက်ရင်းနှီးမှု၊ ချစ်ခင်မှုကို ပြသတာဖြစ်တာကြောင့် ကိုယ့် လက်တွဲဖော်ကို ပိုအားပျော့စေပါတယ်။ မျက်လုံးမှိတ်ထားတာကြောင့် ကိုယ်လည်း အားမငယ်တော့သလို သူလည်း အားမငယ်တော့ပါဘူး။

၄။ မျက်လုံးဖွင့်ပြီး နမ်းမယ်ဆိုရင်

တကယ်လို့ သင်က မျက်လုံးကြီးဖွင့်ပြီး နမ်းမယ်ဆိုရင် ဒါက အူကြောင်ကြောင်နိုင်ပါတယ်။ သင့်ရည်းစားကလည်း သင့်မျက်လုံးဖွင့်ထားတာ မြင်သွားရင် နမ်းရတာ ကသိကအောင့်ဖြစ်နိုင်ပါတယ်။ ဦးနှောက်ကလည်း မျက်လုံးဖွင့်ထားတာကြောင့် အလုပ်အများကြီးလုပ်နေပြီး နမ်းတာကို သေချာ မခံစားနိုင်တော့ပါဘူး။

Source: Brightside.me

By MyStyle Myanmar