ဘယ်လောက်ပဲ ရည်းစားတွေထားထား အချိန်တန်လို့ပြတ်သွားပြီးရင် Forever Alone ဆိုတဲ့အခြေအနေကြီးကို လက်ခံလိုက်ရတဲ့ လူတွေက ရှိကိုရှိတယ်နော်။ အဲ့လိုမျိုး FA တွေက ဘယ်သူတွေနဲ့ပဲတွဲတွဲ သူတို့ရဲ့အမူအကျင့်တွေက မပြင်ရင်တော့ အထီးကျန်လှတဲ့ နေ့ရက်တွေကနေ ရုံးထွက်နိုင်မှာမဟုတ်ဘူးနော်။ ကဲ့ဒီလိုမျိုး လူတွေကဘယ်လို လူစားမျိုးလဲဆိုတာ ကြည့်လိုက်ရအောင် ။

အမေချစ်သား

အမေချစ်သားတွေနဲ့ တွဲရတဲ့သူတွေက ပြဿနာကဘာလဲဆိုရင် အမေခွင့်ပြုမှ အပြင်ထွက်ရတာတို့၊ အမေက ဒီနေရာမသွားခိုင်းလို့မသွားတာတို့၊ ညဘက် Night Out ထွက်ရင်လည်း အမေကဒီအချိန်ပြန်လာလို့မှာထားလို့ စသည်ဖြင့်စိတ်ပျက်စရာကောင်းတဲ့ အကြောင်းပြချက်တွေနဲ့အမြဲရှိနေတတ်ပါတယ်။ နောက်ဆုံး ဘယ်ကောင်မလေးမှလည်း မတွဲချင်တော့တဲ့အဆုံး သူတို့က FA ဖြစ်ပြီး Gamer လေးတွေပဲ့ဖြစ်သွားကြပါတယ်။

အတိတ်ကိုမေ့မရတဲ့သူ

ရည်းစားအသစ်တွေနဲ့သာ တစ်ယောက်ပြီးတစ်ယောက်တွဲနေတယ်။ အတိတ်ကတွဲခဲ့ဖူးတဲ့ အချစ်ဦးကိုမေ့မရတာတို့၊ ရည်းစားဦးလေးနဲ့အတူရှိခဲ့တဲ့ အမှတ်တရတွေ လွမ်းနေတာတို့ အဲ့လိုမျိုးလွမ်းဆွတ်တမ်းတမှုတွေ ခဏခဏလုပ်နေရင် လက်ရှိတွဲနေတဲ့ ချစ်သူကလည်း စိတ်ရှုပ်စေနိုင်သလို သူ့ကိုတကယ်မချစ်ပဲ့နဲ့  အစားထိုးခံလိုက်ရတယ်ဆိုပြီး ဖြစ်စေမှာပါနော်။

စောဒကတက်သူ

အရာရာတိုင်းကို အပြစ်မြင်နေတတ်ပြီး နေပူထဲသွားရင်လည်း အရမ်းပူတယ်၊ ဟိုဟာဆိုလည်း မလုပ်ချင်ဘူး ဒီဟာဆိုလည်း မလုပ်ချင်ဘူး။ အဲ့လိုမျိုး အကြောင်းပြချက်များတဲ့သူတွေက ရည်းစားနဲ့လည်း အဆင်မပြေနိုင်သလို ကိုယ့်သူငယ်ချင်း မိတ်ဆွေတွေနဲ့လည်း အဆင်ပြေဖို့ဆိုတာလည်း တော်တော်လေး ဝေးကွာစေနိုင်ပါတယ်။

Photo Source – free.pik