ခရီးသွားခြင်းက ရေတိုတွင်သာမက ရေရှည်မှာပါ စိတ်ပိုင်းဆိုင်ရာ သုခချမ်းသာကိုလည်း တိုးပွားစေပါတယ်။ စီးပွားရေးအတွက် ခရီးထွက်တာပဲဖြစ်ဖြစ်၊ မိသားစုအားလပ်ရက် ခရီးထွက်တာပဲဖြစ်ဖြစ်၊ အရာအားလုံးကို ခဏမေ့ထားပြီး ခရီးထွက်တာပဲဖြစ်ဖြစ်၊ ခရီးထွက်ခြင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတည်ဆောက်နိုင်တာ၊ အတွေ့အကြုံသစ်များနှင့် အမှတ်တရတွေ ဖြစ်တာ၊ ပုံမှန်အတိုင်းဖြစ်နေတာကို ဖယ်ရှားချိုးဖျက်လိုက်တာ၊ လူများနှင့်တွေ့ဆုံခွင့်ရတာတွေက သင့်ကို ပိုမိုပျော်ရွှင်စေပါတယ်။ 

ခရီးသွားခြင်းမှ သင်တို့ကို ပိုမိုပျော်ရွှင်စေတဲ့သူ ဖြစ်လာရတဲ့ အကြောင်းအရင်းများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) မျှော်လင့်မထားသော အခြေအနေများနှင့် ထိတွေ့ဆက်ဆံခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ရှာဖွေရရှိနိုင်ပါတယ်

ခရီးလမ်းတစ်ခုပေါ်ရောက်တာနဲ့ လူတိုင်းဟာ မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခုကို စတင်ရင်ဆိုင်ရမယ့် အချိန်တစ်ခု ရောက်လာပါတယ်။ သင့်နေနဲ့ ကြိုတင်လေ့လာထားတဲ့တိုင်အောင် အံ့သြစရာတွေ ကြုံလာနိုင်တယ်။ ဘာပဲဖြစ်နေဖြစ်နေ ပြဿနာတွေနဲ့ ကြုံတိုင်း ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေ ရှိမှာပါ။

ဒီအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တာနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရရှိပြီး ကြီးမားတဲ့ ခွန်အားတစ်ခုဖြစ်စေပါတယ်။ ဒီအချက်ကလည်း ခရီးသွားခြင်းမှ ပိုမိုပျော်ရွှင်စေတဲ့သူ ဖြစ်လာရတဲ့ အကြောင်းအရင်းများထဲက တစ်ခုပါ။

(၂) ပျော်ရွှင်မှုသည် သင့်ထံ ကူးစက်လာပါတယ်

ခရီးသွားတဲ့အခါ ထိတွေ့ရတဲ့ ကောင်းမွန်တဲ့ အတွေ့အကြုံတွေက သင့်ကို ပျော်ရွှင်စေမှာပါ။ ဒေသခံတွေဆီက ပျော်ရွှင်၊ ရယ်မောပြီး ဖော်ရွေမှု တွေရလိုက်တာနဲ့ သင့်ဆီကို ချက်ချင်း ကူးစက်လာပါတယ်။ သင်လည်း ပျော်ရွှင်မှုကို ခံစားလာပါတယ်။ တောက်ပတဲ့ အပြုံးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်စရာ စိတ်ဆိုးစရာတွေနဲ့ ကြုံလိုက်ရပေမဲ့ သင့်ရဲ့စိတ်မှာ ပျော်ရွှင်မှုနဲ့ သက်သာရာ ရစေပါတယ်။

(၃) ချစ်ခင် ရင်းနှီးမှုကို တိုးစေပါတယ်

တစ်နှစ်မှာ တစ်ခါလောက်တော့ မိသားစုနဲ့ဖြစ်စေ၊ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ အုပ်စုလိုက်ဖြစ်စေ ခရီးအတူတူ ထွက်သင့်ပါတယ်။ ခရီးတူတူထွက်ခြင်းဖြင့် ပျော်ရွှင်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ အတွေ့အကြုံတွေ၊ ထိတ်လန့်ဖွယ် အခိုက်အတန့်တွေကို အတူတကွ ဖြတ်သန်းရင်း ချစ်ခင်မှု၊ ခင်မင်မှုတွေ တိုးတတ်လာစေပြီး အချင်းချင်းနားလည်မှုလည်း ပိုလာစေပါတယ်။

ဆုံတိုင်း ပြန်ပြောင်းအောက်မေ့စရာ အမှတ်တရလည်း ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ခိုင်မာသော ပေါင်းသင်းဆက်ဆံရေးတည်ဆောက်ထားခြင်းက သင်တို့ကို ပိုမို ပျော်ရွှင်စေပါတယ်။

(၄) သူငယ်ချင်းအသစ်များ တိုးစေပါတယ်

အိမ်မှာနေတာ တနည်းအားဖြင့် ကားပေါ် သို့မဟုတ် အရက်ဘားမှာ အခြားသူတွေနဲ့ စကားပြော မိတ်ဖွဲ့တာနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ခရီးထွက်တဲ့အခါ မိတ်ဆွေ သူငယ်ချင်းအသစ်တွေ ရဖို့ ပိုလွယ်ပါတယ်။ သင့်အနေနဲ့ ခရီးထွက်လိုက်တဲ့အခါ ဖြတ်သန်းရမဲ့ ပတ်ဝန်းကျင်နယ်နိမိတ်နည်းပါးတဲ့ ခံစားချက်နဲ့ သူငယ်ချင်းဖွဲ့တာက ပိုလွယ်လာပုံပေါ်ပါတယ်။

သင်ဘယ်ကလာလဲဆိုတာကို သိလိုတဲ့ ဒေသခံတစ်ယောက်ပဲဖြစ်ဖြစ် ဘီယာသောက်ချင်တဲ့ ခရီးသွားဖော်တွေကပဲဖြစ်ဖြစ်၊ တက္ကစီနဲ့ အတူတူ သွားလိုသူပဲဖြစ်ဖြစ် အလွယ်တကူ မိတ်ဆွေ ဖြစ်နိုင်ပါတယ်။ လူမှုဆက်ဆံရေးက သင့်ကို ပိုပျော်ရွှင်စေပြီး လူမှုရေးအသိုင်းအဝိုင်းကို တိုးလာစေပါတယ်။ ဒီအချက်ကလည်း ခရီးသွားခြင်းမှ သင့်ကို ပိုမိုပျော်ရွှင်စေတဲ့သူ ဖြစ်လာရတဲ့ အကြောင်းအရင်းများထဲက တစ်ခုပါ။

(၅) ပတ်ဝန်းကျင်အသစ်က စိတ်ဖိစီးမှုကို လျှော့ကျစေပါတယ်

ခရီးသွားခြင်းက သင့်ရဲ့ ပုံမှန်ဖြစ်တည်မှုနေစဉ်ဘဝကနေ အသစ်အသစ်သော လူမှုဘဝ ပတ်ဝန်းကျင်ကို ပေးစွမ်းနိုင်ပါတယ်။ ငြိမ်းချမ်းမှုနဲ့ ငြိမ်သက်တိတ်ဆိတ်မှု အခွင့်ကောင်း ရယူဖို့အတွက် သင့်အနေနဲ့ နေရာအသစ်တစ်ခုမှာ အချိန်အခိုက်အတန့်ရှိခြင်းသည် စိတ်ဖိစီးမှုနှင့် မသက်သာမှုများကို ပြေပျောက်စေပါတယ်။ စိတ်ကိုပျော်မွေ့စေပါတယ်။

ခရီးသွားခြင်းကနေရတဲ့ စိတ်တည်ငြိမ်မှု အကျင့်ကောင်းကို ရရှိနိုင်ပါတယ်။ တကယ်လို့ သင်သာ အဖော်တစ်ယောက်နဲ့ ခရီးသွားခဲ့ရင် အချိန်ဖြုန်းခြင်းလို့ တွေးကြောက်ဖို့ မလိုပါဘူး။ သင့်အလုပ်အတွက် အကျိုးရှိပါတယ်။ ခရီးသွားဖို့ နေ့စဉ်ဘဝမှာရှိတဲ့ အချိန်ကို ရယူခြင်းကလည်း ပိုမိုပျော်ရွှင်စေတဲ့သူဖြစ်လာရတဲ့ အကြောင်းအရင်း ဖြစ်ပါတယ်။

(၆) အသစ်အသစ်သော အရာတွေကို သင်နိုင်ပါတယ်

ခရီးသွားခြင်းက မရောက်ဖူးသေးတဲ့ ဒေသများရဲ့ အလှအပနဲ့ သဘာဝကို လေ့လာခံစားနိုင်တဲ့အပြင် ဒေသအစားအစာချက်ပြုတ်ခြင်း သို့မဟုတ် ဘာသာစကားအသစ် လေ့လာခြင်းလို အသိပညာနဲ့ ပညာရေးရရှိမဲ့ ကိစ္စရပ်တွေကို ကောင်းကောင်းလုပ်နိုင်စေပါတယ်။

ဒီလိုလုပ်နိုင်အောင် သင့်ရဲ့ ဦးနှောက်ကို ပိုမိုတက်ကြွစေပါတယ်။ ခရီးသွားရင်း ပျော်စရာတစ်ခုခုကို သင်ယူသောအခါမှာ သင့်ရဲ့ပျော်ရွှင်မှုအဆင့်ကို တိုးမြင့်စေတယ်လို့ စိတ်ပညာရှင်တွေက ပြောကြပါတယ်။