စစ်တမ်းကောက်ယူချက်တွေမှာ ယနေ့ခေတ် လူငယ်တော်တော်များများဟာ အချိန်အများစုမှာ မပျော်ရွှင်ကြတာတွေ့ရပါတယ်။ စိတ်ဓာတ်ကျတတ်ကြပါတယ်။ ဒါဆို လူငယ်တွေ ဘာကြောင့် မပျော်ရွှင်တာလဲ။ စိတ်ဓာတ်အမြဲကျနေတာလဲ အကြောင်းရင်းတွေ ရှာကြည့်ရအောင်နော်။

  • အသက် ၁၂ နှစ်အရွယ်ကနေ ၁၇ နှစ်အရွယ်လူငယ်တွေဟာ စိတ်ဓာတ်ကျတဲ့ အတွေးတွေကြောင့် ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်နိုင်ချေ ပိုများတတ်ပါတယ်တဲ့။ ရာခိုင်နှုန်းကတော့ ၅၂ ရာခိုင်နှုန်းပါ။
  • အသက် ၁၈ ကနေ ၂၅ နှစ်အရွယ်ကတော့ ၆၃ ရာခိုင်နှုန်းထိ မြင့်တက်လာပါတယ်။

အသက် ၂၆ ကျော်တဲ့ သူတွေမှာတော့ ဒီလိုပုံစံတွေ မတွေ့ရဘူးလို့ ဆိုထားပါတယ်။

၁။ မပျော်ရွှင်တဲ့ကိစ္စမှာ ဘယ်သူ့ကို အပြစ်တင်ရမလဲ

– ဆက်သွယ်ရေးစနစ်တွေ တစ်နေ့တခြား တိုးတက်လာတာ

– အိပ်ချိန်လျော့နည်းလာတာ စတာတွေကြောင့်ဖြစ်ပါတယ်။

ဆက်သွယ်ရေးစနစ်ကိုတော့ အားလုံးသိမှာပါ။ Social Media သုံးစွဲမှုများတာက ကျွန်ုပ်တို့ ထင်ထားတာထက် သက်ရောက်မှုတွေ အများကြီးရှိပါတယ်။ ယနေ့ခေတ်ကလေးအများစုက သူငယ်ချင်းတွေနဲ့ စကားပြောရင်လည်း လိုင်းပေါ်ကပြောတယ်။ အလုပ်အကုန်လုံးလိုလို လိုင်းပေါ်က လုပ်တာများပါတယ်။ ဒီလုပ်ဆောင်မှုတွေက မပျော်ရွှင်မှုရဲ့ အဓိကသော့ချက်ပါပဲ။ တကယ့်လက်တွေ့ဘဝနဲ့ ထိတွေ့မှုပိုနည်းလာပါတယ်။

နည်းစနစ်တွေက တိုးတက်လာတော့ အိပ်ဖို့အချိန်လည်း တဖြည်းဖြည်းနည်းလာပါတယ်။ လိုင်းသုံးလွန်ပြီး အိပ်မပျော်တာတွေ ဖြစ်လာပါတယ်။ အရေးကြီးတဲ့အရာတွေကို အွန်လိုင်းပေါ်က ကြည့်ဖို့ အိပ်ရေးဝအောင် အိပ်ဖို့ စိတ်မကူးကြတော့ပါဘူး။ အိပ်ရေးဝဖို့က လူတစ်ယောက်မှာ အလွန်အရေးပါပါတယ်။

၂။ ဒါဆို ဒီလိုမပျော်မရွှင်ဖြစ်နေရတဲ့ အခြေအနေကနေ ဘယ်လိုရုန်းထွက်မလဲ

ရုန်းထွက်နည်းက လွယ်ပါတယ်။ ကိုယ့်ရဲ့ လိုင်းသုံးတဲ့အချိန်ကို ကန့်သတ်ဖို့ပါပဲ။ Screen Time ကို တစ်နေ့ဘယ်လောက်ထားမလဲ? ငါတစ်နေ့ကို ဖုန်းဘယ်နှစ်နာရီကြည့်မလဲ။ သတ်မှတ်ပါ။ ကိုယ်လုပ်တဲ့အရာက နောင်တစ်ချိန်ရမယ့် ကိုယ့်ရဲ့ ရလဒ်ပါပဲ။ Facebook မှာလည်း Your Time On Facebook ဆိုတာရှိပါတယ်။ အဲ့ထဲမှာ ကိုယ်တစ်နေ့ကို Facebook ဘယ်လောက်သုံးလဲ ကြည့်နိ်ုင်ပါတယ်။

Photo Source: The Kim Komando Show

ဖုန်းသုံးချိန်ကို လျှော့ချဖို့ ကြိုးစားကြည့်ပါနော်။

By MyStyle Myanmar