အများအမြင်မှာ မာကျောခက်ထန်တယ် Strong ဖြစ်တယ်လို့ အထင်ခံရတဲ့သူတော်တော်များများက တကယ်တမ်းကျတော့ သူများထက်ပိုပြီး ဝမ်းနည်းတတ်တဲ့သူတွေပါ။ ဘာကြောင့် သူတို့က သာမန်သူတွေထက် ပိုပြီးဝမ်းနည်းကြတာလဲ….?

သူတို့ဖြစ်နေတာတွေ သူများကို မပြောပြတတ်ဘူး။ ကိုယ်ခံစားနေရတဲ့အကြောင်းတွေ သူများကို ထုတ်မပြောပြတတ်ဘူး။ ရင်ဖွင့်လိုက်ရင် ခံစားနေရတာတွေက သုံးပုံ ပုံ တစ်ပုံလောက် သက်သာသွားပေမယ့် သူတို့က ကိုယ်တိုင်ပဲ ကြိတ်ခံစားကြတယ်။ အဲ့တော့ သူတို့မှာ အားပေးမယ့်သူက သူတို့ကိုယ်တိုင်ပဲဖြစ်နေတဲ့အတွက်၊ တစ်ယောက်ထဲဖြစ်နေတဲ့အတွက် သူများထက်ပိုပြီး နှစ်ဆလောက် ပိုခံစားရပါတယ်။

ကိုယ်ခံစားနေရတာ၊ ကိုယ်ဖြစ်နေတာတွေကို သူများမြင်မှာ အရမ်းကြောက်ကြတယ်။ သူများသိမှာကြောက်ကြတယ်။ အဲ့တော့ အများရှေ့မှာဆို ဟန်ဆောင်နေကြတယ်။ စိတ်ထဲရှိတဲ့အတိုင်း နေထိုင်ရတာထက် ဟန်ဆောင်ပြီးနေရတာ၊ အဆင်ပြေချင်ယောင်ဆောင်ရတာက ပိုပြီးခက်ခဲပါတယ်။ ပိုပြီးတော့လည်း ပင်ပန်းပါတယ်။

တစ်ခုခုဆိုရင် မေ့ပစ်ဖို့ခက်ကြတယ်။ သူတို့က အစွဲအလမ်းကြီးကြတယ်။ အဲ့တော့ အမြဲတမ်း သူတို့မှာ ခံစားနေရတယ်၊ နာကျင်နေရတယ်။ ပေါက်ကွဲချင်တိုင်း ပေါက်ကွဲလို့မရတာ၊ ဝမ်းနည်းချင်တိုင်း ဝမ်းနည်းလို့မရပဲ ခံစားချက်တွေကို ထိန်းချုပ်နေရတာဟာ လူတစ်ယောက်အတွက် အရမ်းကို ခက်ခဲတဲ့အရာပါ။ ဒီလိုတွေလုပ်တာက ကိုယ့်ကိုယ်ကိုနှိပ်စက်တာနဲ့ တူတူပါပဲ။ ခံစားချက်တွေကို ထိန်းချုပ်ထားရတာက ပိုပြီး နာကျင်ခံစားရပါတယ်။

ဒါကြောင့် ဘယ်လောက်ပဲ မာကျောခက်ထန်နေတဲ့ Strong ဖြစ်နေတဲ့သူဖြစ်ပါစေ ဆက်ဆံချင်တိုင်းဆက်ဆံတာမျိုး၊ လက်လွတ်စပယ်ပြောတာမျိုး မလုပ်သင့်ပါဘူး။ လူတိုင်းက ခံစားတတ်တဲ့သူ၊ နာကျင်တတ်တဲ့သူတွေချည်းပဲမို့ ကိုယ်ချင်းစာစိတ် ထားပေးသင့်ပါတယ်။

Source: www.brightside.me