သားသမီး အကြီးတွေဟာ သူတို့ရဲ့ဘဝကို သူတို့ရဲ့မိဘတွေ သူတို့ရဲ့ မောင်နှမတွေတွက် ပေးဆပ်ထားတတ်ကြပါတယ်။ သူတို့ဟာ သူတို့ချစ်တဲ့သူတွေအတွက်လည်း အမြဲအဆင်သင့်ရှိနေပေးတတ်ကြပါတယ်။

သင်မတွေ့ကြုံဖူးတဲ့ ဘဝ သင်ခန်းစာတွေကို သင်ကြားပေးသူ

သင့်မှာ ပထမဆုံး အကြိမ် ကလေးရလာတယ်ဆိုပါစို့။ ကလေးတဖက် အလုပ်တဖက်နဲ့ ဘဝက အများကြီး ပြောင်းလဲသွားခဲ့ပြီ။ ဒီအချိန်မှာ  ကလေးတယောက် ကြီးပြင်လာဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာကို သင့် သားသမီးအကြီးဆုံးက သင့်ကို သင်ပေးပါလိမ့်မယ်။

သူတို့တွေဟာ အရွယ်ရောက်မြန်ကြတယ်

အကြီးဆုံး ကလေးတွေဟာ အသက်ငယ်ပေမယ့် သူတို့အောက်အငယ်တွေ ရှိလာတဲ့အခါမှာတော့ အလိုလိုနေရင်း အကြီးဆိုတဲ့စိတ်ဝင်လာပြီး တာဝန်ယူတတ်တဲ့ စိတ်တွေ ဖြစ်ပေါ်လာတတ်ကြပါတယ်။

အခြားကလေးတွေထက် အတွေးအခေါ်ကောင်းခြင်း

မိသားစုတစ်ခုမှာ အကြီးတွေက အငယ်တွေကို ဆုံးမတတ်ကြတယ်။ လမ်းကြောင်းမှန်အောင်ပြုပြင်ပေးတတ်ကြတယ်။ တခါတရံ မိဘတွေအတွက်လည်း အားကိုးရတဲ့ တိုင်ပင်ဖော်တွေ ဖြစ်ကြပြီးတော့ အကြံကောင်းတွေ ပေးတတ်တဲ့သူတွေလည်း ဖြစ်ကြပါတယ်။

အရွယ်နဲ့ မလိုက်အောင် ရင့်ကျက်ခြင်း

အကြီးဆုံးကလေးတွေမှာ သူငယ်ချင်းတွေနဲ့ကစားဖို့ သူတို့လုပ်ချင်တာတွေ လုပ်ဖို့ဆိုပြီး ကိုယ်ပိုင်အားလပ်ချိန်တော်တော်ရှားကြပါတယ်။ သူတို့အချိန်အများစုကို အငယ်တွေအတွက် ပေးဆပ်ထားတတ်ကြလို့ပဲ ဖြစ်ပါတယ်။

အကောင်းဆုံးသော အဖော်မွန်

အမေ တစ်ယောက်ရယ်လို့ဖြစ်လာရင် အိမ်မှုကိစ္စ အလုပ်တစ်ဖက်နဲ့ သားရေးသမီးရေးတွေနဲ့ အလွန်အလုပ်ရှုပ်ပါတယ်။ ဒီလိုအချိန်မှာ အကြီးဆုံးသားသမီးတွေက တကယ့် အားကိုးဖွယ် အဖော်မွန်တွေဖြစ်လာတတ်ပါတယ်။

Source: Bright Side