မထင်မှတ်ထားတဲ့ ကိစ္စဝိစ္စတွေကြောင့် Gym သွားပြီးဖြစ်ဖြစ် အိမ်မှာနေရင်းပဲဖြစ်ဖြစ် အချိန်ပေးပြီးတော့ Workout မလုပ်နိုင်သူတွေအနေနဲ့ အားတဲ့အချိန်ခဏလေးအတွင်းမှာ ခြေတစ်ဖက်ထောက်ပြီး မတ်တပ်ရပ်ပေးခြင်းက မလုပ်မိတာထက်စာရင် အကျိုးအများကြီးဖြစ်စေပါတယ်။ မနက်မိုးလင်း သွားတိုက်နေရင်းနဲ့ဖြစ်ဖြစ် ခြေတစ်ဖက်မြှောက်ပြီး မတ်တပ်ရပ်နေကြည့်ပါ။

အခုလိုမျိုး အချိန်ရတိုင်း ခြေတစ်ဖက်ထောက်ပြီး မတ်တပ်ရပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို MyStyle Myanmar ရဲ့ စာဖတ်ပရိတ်သတ်တွေအတွက် ဒီဆောင်းပါးလေးထဲမှာ ဝေမျှပေးသွားမှာဖြစ်ပါတယ်။

၁။ နှလုံးသွေးကြောကျန်းမာရေး

သုတေသနပြုလုပ်ချက်တွေအရ အနည်းဆုံး စက္ကန့် ၂၀ လောက် ခြေတစ်ဖက်ထောက်ပြီး မတ်တပ်ရပ်နိုင်တယ်ဆိုရင် နှလုံးသွေးကြောကျန်းမာရေးကောင်းတယ်ဆိုတာကို ညွှန်ပြနေပါတယ်။ ဒီလိုမျိုး ဟန်ချက်မညီဘဲ မတ်မတ်မရပ်နိုင်သူတွေအနေနဲ့ နှလုံးအမောဖောက်ခြင်း သို့မဟုတ် လေဖြတ်ခြင်းတို့ကို ခံစားရဖို့ အလားအလာများတယ်လို့ ဆိုထားပါတယ်။

၂။ မှတ်ဥာဏ်လျော့ပါးလာမှုမှ ကာကွယ်နိုင်ခြင်း

ခြေတစ်ဖက်ထောက်ပြီး မတ်တပ်ရပ်ခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ ကိုယ်တွင်းအင်္ဂါများကို ဟန်ချက်ညီစေလို့ စိတ်ကစဥ့်ကလျားမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ခြေတစ်ဖက်ထောက်မရပ်နိုင်သူတွေကတော့ သွေးကြောလေးတွေပျက်စီးနိုင်ခြေနဲ့ မှတ်ဥာဏ်တွေလည်း ယိုယွင်းမယ့် အလားအလာတွေများနိုင်ပါတယ်။

၃။ ခန္ဓာကိုယ်ဟန်ချက်မှန်လာခြင်း

လက်ပြင်ကုန်းတဲ့ ကိုယ်နေဟန်ထားကြီးက လူတစ်ယောက်ရဲ့အသွင်အပြင်ကို ကြည့်ရဆိုးစေတာကြောင့် ခြေတစ်ဖက်ထောက်လေ့ကျင့်ခန်းကို မှန်မှန်လုပ်ရင်း ကိုယ့်ရဲ့ခန္ဓာကိုယ်ဟန်ချက်မှန်လာအောင် ကြိုးစားရယူနိုင်ပါတယ်။

၄။ မှတ်ဥာဏ်ယိုယွင်းလာမလာ သိရှိနိုင်ခြင်း

မှတ်ဥာဏ်ယိုယွင်းလာခြင်းရဲ့ အစောပိုင်းလက္ခဏာတွေကိုသိချင်ပါက ခြေတစ်ဖက်ထောက်ပြီး မတ်တပ်ရပ်ကြည့်ပါ။ ချက်ချင်း ဟန်ချက်မထိန်းနိုင်ဘူးဆိုရင် Parkinson’s disease ဖြစ်နေပြီဆိုတဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

Source: Brightside

By MyStyle Myanmar