Single ဆိုတာနဲ့ တော်တော်များများက FA ကောင်လို့ ထင်တတ်ကြပြီး နှိမ်စရာသတ္တဝါလေးတွေအဖြစ် မြင်နေတတ်ကြတာပါ။ တကယ်တော့ Single ဘဝနဲ့နေနေသူတိုင်းဟာ မစွံလို့မဟုတ်ပါဘူး။ ဒါဆိုဘာကြောင့် Single ဘဝက ရုန်းမထွက်ကြတာလဲဆိုတာ သိချင်ရင်ဆက်ဖတ်ကြည့်လိုက်ပါဦးနော်။

(၁) Rs ဘဝကို စိတ်ကုန်လို့

ကိုယ်တိုင် Rs ချိတ်မှမဟုတ်ပါဘူး။ Rs ရှိတဲ့ သူငယ်ချင်းအပေါင်းအသင်းတွေရဲ့ တစ်နေ့တစ်နေ့ မဟော်သဓာပညာရှိတောင် ဖြေရှင်းလို့မနိုင်တဲ့ ပြဿနာတွေကို ကြည့်ပြီး Rs Life ကို စိတ်ကုန်နေတာကြောင့်ဖြစ်နိုင်ပါတယ်။ Rs တွေ ရန်ဖြစ်နေချိန် ကိုယ်အနေနဲ့ သာသာယာယာ နေနိုင်တဲ့အတွက် Single ဘဝကို ပိုပြီး သဘောကျတာကြောင့် Single ဘဝက ရုန်းမထွက်ချင်သေးတာဖြစ်ပါတယ်။

(၂) ဖီးလ်ရတာကို သဘောကျလို့

ချစ်သူရည်းစားလည်းမရှိပါဘဲ တစ်ချိန်လုံးဖီးလ်နေတဲ့ သူတွေကို တွေ့ဖူးပါသလား။ ချစ်သူရည်းစားတွေထားပြီးမှ ဖီးလ်လို့ရတာ မဟုတ်ပါဘူး။ Single ဘဝနဲ့လည်း ဖီးလ်လို့ရပါတယ်။

မိုးရွာလည်းဖီလ်း ၊ နေပူလည်း ဖီးလ် နောက်ဆုံးဖီးလ်တတ်ရင် မီးပြတ်နေတဲ့အချိန်တောင် ဖီးလ်လို့ရပါတယ်။ ဝါသနာအရဖီးလ်ရတာကို သဘောကျတဲ့သူတွေအတွက်တော့ Rs မချိတ်ဘဲ Single ဘဝနဲ့ ပျော်ပျော်ကြီး ဖီးလ်နေကြလို့ဖြစ်ပါတယ်။

(၃) တစ်ယောက်တည်းနေရတာကြိုက်လို့

တစ်ယောက်တည်းဘဝက အထီးကျန်တယ်လို့ ပြောကြပေမယ့် အားသာချက်တွေ အများကြီးရှိပါတယ်။ ဘယ်သွားသွား ၊ ဘာစားစား ညှိနှိုင်းစရာမလိုဘဲ ကိုယ့်စိတ်ကြိုက်ကိုယ့်သဘော ၊ ကိုယ်သာကိုယ်ဘဝရဲ့ ဘုရင်လုပ်နိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် Rs Life မှာ ရမယ့် ကြည်နူးမှုတွေထက် ပူပင်သောကတွေက ပိုများတယ်ဆိုတာ သိထားကြတဲ့အခါ တယောက်တည်း အပူအပင်ကင်းကင်းနေရတဲ့ဘဝက ပိုကောင်းတယ်လို့ ခံယူထားကြကြောင့် Single ဘဝကို လက်မလွှတ်ချင်ကြတာဖြစ်ပါတယ်။

(၄) Crush များများထားခွင့်ရှိလို့

Rs ချိတ်ထားသူတစ်ယောက်အတွက် စောင့်ထိန်းရမယ့် စည်းမျဉ်းစည်းကမ်းတွေ အရမ်းကိုများပါတယ်။ ကိုယ့်ချစ်သူနဲ့ အတူတူရှိနေချိန် သူမကလွဲပြီး တခြားမိန်းကလေးတစ်ယောက်ကို Crush ဖို့ နေနေသာသာ မျက်လုံးနဲ့ ကြည့်ခွင့်တောင်မရှိတော့ပါဘူး။

Single တွေအတွက်ကတော့ တစ်နေ့ကိုတစ်ယောက် Crush မယ်ဆိုလည်း ပြဿနာမရှိသလို တစ်ပြိုင်နက် Crush ၅ ယောက်ထားမယ်ဆိုလည်း အိုကေတဲ့အတွက် Single ဘဝက ရုန်းထွက်ဖို့ လက်တွန့်နေကြတာ ဖြစ်ပါတယ်။