သံလွင်ဆီက အလှအပအတွက် အသုံးတည့်တယ်ဆိုတာ စာဖတ်သူတို့ သိပြီးသားဖြစ်မှာပါ။ ထူးဆန်းစရာတစ်ခုကတော့ ကျိကျိတက်ချမ်းသားကြတဲ့ ကမ္ဘာကျော်ဆယ်လီများက ဈေးကြီးတဲ့အလှကုန်များကို အသုံးပြုမယ့်အစား သံလွင်ဆီကို စွဲစွဲမြဲမြဲ အသုံးပြုကြပါတယ်။

အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ မင်းသမီးကြီး Sophia Loren ဆိုရင် သံလွင်ဆီနဲ့ ရေချိုးလေ့ရှိပါတယ်။ သူမက ကမ္ဘာ့အလှဆုံးနဲ့ ကျက်သရေအရှိဆုံးအမျိုးသမီးအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒါ့အပြင် Emma Stone ၊ Julia Roberts ၊ Miranda Kerr ကဲ့သို့သော ကမ္ဘာကျော်များသည်လည်းပဲ အလှအပအတွက် သံလွင်ဆီကို အသုံးပြုကြပါတယ်။

ဘာ့ကြောင့်လို့ သင် ထင်ပါသလဲ။

သံလွင်ဆီက Sensitive အသားအရေပိုင်ရှင်များအတွက် အသားအရေကို အေးမြစေလို့

သင့်အသားအရေက အထိအခိုက်တဲ့ အသားအရေမျိုးလား။ ဘာလိမ်းလိမ်း မတည့်ဘဲ ယားယံလေ့ရှိပါသလား။ ဒါဆိုရင်တော့ သံလွင်ဆီကိုသာ အသုံးပြုဖို့ အကြံပေးချင်ပါတယ်။ သံလွင်ဆီက ရောင်ရမ်းခြင်းနဲ့ ယားယံခြင်းတို့ကို သက်သာစေပါတယ်။

အသားအရေကို ရေဓာတ်ဖြည့်ပေးလို့

သူမအသားအရေက ခြောက်သွေ့လာပြီဆိုရင် သံလွင်ဆီကို အသုံးပြုပြီး ရေဓာတ်အမြဲ ထိန်းဖြစ်တယ်လို့ Emma Stone တစ်ယောက် ပြောပြထားပါတယ်။

ဘော်ဒီလိုးရှင်းအဖြစ်လည်း အသုံးပြုနိုင်လို့

Kylie Jenner ကတော့ ရေချိုးပြီးတိုင်းမှာ အသားအရေကို ရေဓာတ်ဖြည့်ဖို့အတွက် သံလွင်ဆီကို လိမ်းကျံလေ့ရှိတယ်လို့ သူ့ပရိသတ်တွေကို ပြောပြထားပါသေးတယ်။

လက်သည်းအလှအပကို ထိန်းသိမ်းထားနိုင်လို့

သံလွင်ဆီက အသားအရေအလှအပအတွက်သာမက လက်သည်းအလှအပအတွက်လည်း အထောက်အပံ့ပေးနိုင်ပါတယ်။ Julia Roberts ရဲ့သံလွင်ဆီ အသုံးပြုနည်းကတော့ ရေနွေးနွေးလေးထဲသို့ သံလွင်ဆီ အနည်းငယ်ထည့်ပြီး လက်သည်းပေါ်သို့ ထိုအရောအနှောကို သုတ်လိမ်းပေးကာ မိနစ် ၃၀ ခန့် ထားထားလိုက်ပါတယ်။ ထိုနည်းလမ်းက လက်သည်းခွံလေးကို အရောင်လှစေပြီး လက်သည်းအရှည်မြန်စေတယ်လို့ Julia Roberts က ပြောကြားထားပါတယ်။

ဆံကေသာကို တောက်ပြောင်စေလို့

ဆံကေသာကို သံလွင်ဆီဖြင့် လိမ်းကျံပေးခြင်းက ဦးရေပြားကို ကျန်းမာစေပြီး ဆံသားအလှအပအကိုလည်း ထိန်းသိမ်းပေးနိုင်တယ်လို့ ဆယ်လီအများအပြားက ယုံကြည်ထားကြပါတယ်။ ဒါ့အပြင် ဆံသားထူအောင်လည်း ကူညီပေးနိုင်ပါသေးတယ်။

သံလွင်ဆီကို Body Scrub အဖြစ် အသုံးပြုချင်သူများအတွက်

သံလွင်ဆီက အရေပြားရှိ ဆဲလ်သေများကို ဖယ်ရှားပေးပြီး အသားအရေကို နူးအိစေတဲ့ သဘာဝကြေးချွတ်ဆေးတစ်မျိုးပဲဖြစ်ပါတယ်။

သံလွင်ဆီဖြင့် Body Scrub ပြုလုပ်ချင်သူများအတွက် သံလွင်ဆီစစ်စစ် စားပွဲတင်ဇွန်း ၃ ဇါန်းကို ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ သကြား စားပွဲတင်ဇွန်း ၈ ဇွန်းဖြင့် သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ရေချိုးတဲ့အခါ တစ်မိနစ်ခန့် ညင်သာစွာ ပွတ်တိုက်ပေးလိုက်ပါ။

သင့်အသားအရေက နူးညံ့ချောမွတ်ပြီး Glow လာတာကို မြင်တွေ့ရပါလိမ့်မယ်။

Source: Brightside.me