Coca Cola နဲ့ ခေါင်းလျှော်တယ်ဆိုတာဟာ ထူးဆန်းသလိုဖြစ်နေပေမယ့် ဆံသားတွေ တောက်ပြောင်စေပြီး ဆံပင်ပါးတဲ့သူတွေအတွက်လည်း အထူးသင့်တော်ပါတယ်။

Ellko ဆိုတဲ့ အွန်လိုင်းပေါ်က Blogger တစ်ဦးဟာ ဒီနည်းလမ်းလေးကို ကြားသိပြီး သူမကိုယ်တိုင် အသုံးပြုပြီး ဒီနည်းလမ်းကို မျှဝေလိုက်တာဖြစ်ပါတယ်။

ဆံပင်ကို ကျန်းမာသန်စွမ်းစေပြီး ထူစေပါတယ်။ ဒါ့ကြောင့် ဆံပင်ပါးသူတွေ ဆံပင်ကျွတ်တတ်သူတွေအတွက်ဆို အထူးသင့်တော်ပါတယ်။

Coca-Cola ၂ ဘူး (သို့) ကိုယ်ကြိုက်သလောက်လုပ်နိုင်ပါတယ်။

အဲဒီကိုကာကိုလာနဲ့ ခေါင်းလျှော်ပေးလိုက်ရုံပါပဲ။

တခြားအလှကုန်ပစ္စည်းတွေ သုံးစရာမလိုပါဘူး။ ပြီးရင် တဘက်လေးနဲ့ ပေါင်းပေးထားရမှာပါ။ ပြီးရင်တော့ ရေနဲ့ဆးချပေးရမှာဖြစ်ပါတယ်။

အရင်ကထက် ဆံပင်တွေပိုပြီး သန်စွမ်းလာပါလိမ့်မယ်။ ဗီဒီယိုဖိုင်ထဲမှာ ခေါင်းလျှော်ပြီးလို့ ဆံပင်ခြောက်အောင် Dryer သုံးပေမဲ့ စာဖတ်သူတို့အနေနဲ့ ဒီအတိုင်းပဲ အခြောက်ခံတာပိုကောင်းပါတယ်။

တကယ်လို့ သုံးမယ်ဆိုရင်လည်း ရပါတယ်ရှင့်။