ဆားဟာ အိမ်တိုင်းအိမ်တိုင်းရှိ မီးဖိုချောင်တွင် မရှိမဖြစ် အမျိုးအမယ်တစ်ခုဖြစ်ပါတယ်။ အခုလို အချိန်ပြည့်တွေ့မြင်နေရတဲ့ ဆားက ဆံကေသာနဲ့ အသားအရေ ပြန်လည်ကောင်းမွန်လာစေရန်၊ ကာကွယ်မှုပေးနိုင်ခြင်းတို့မှာ အကူအညီဖြစ်နိုင်တယ်ဆိုတာကိုရော သင်သိပါသလား။

အလှအပဆိုင်ရာကိစ္စများကို ပြုလုပ်တဲ့အခါ ဆားကိုထည့်သွင်းအသုံးပြုခြင်းက အလွန်ကောင်းတဲ့အကြံဉာဏ်ဖြစ်ပါတယ်။ ထိုအထဲမှာမှ ခေါင်းလျှော်တဲအခါ ခေါင်းလျှော်ရည်အတွင်း ဆားကိုထည့်သွင်းခြင်းက ဆံကေသာပြဿနာများကို ဖြေရှင်းနိုင်တယ်ဆိုတာကို သိရှိပြီး လိုက်လံပြုလုပ်နိုင်စေဖို့ ဖော်ပြပေးလိုက်ရပါတယ်။

၁။ ဆံပင်ရှည်လျားရာတွင် အထောက်အကူပြုခြင်း

ပင်လယ်ဆားသည် ဆံပင်ရှည်လျားမှုကို သဘာဝအတိုင်း အကူအညီပေးနိုင်သောကြောင့် ဆံပင်ကျွတ်ခြင်းပြဿနာကြောင့် ခေါင်းစားနေရသူများ ပင်လယ်ဆားကိုအသုံးပြုရန် တိုက်တွန်းလိုပါတယ်။ ယခင်ပြုလုပ်နေကျအတိုင်း ခေါင်းလျှော်ပြီး လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်ပင်လယ်ဆားကိုယူ၍ ဦးရေပြားအပေါ် ဆယ်မိနစ်ခန့်နှိပ်နယ်ပေးပြီး နောက်ထပ်ခေါင်းလျှော်ပေးပါ။ တစ်ပတ်လျှင် နှစ်ကြိမ်မှန်မှန်လုပ်ပေးပါက တစ်လအတွင်း ရလဒ်ကောင်းများကို မြင်တွေ့နိုင်ပါတယ်။

၂။ ဗောက်ပြဿနာများကို ဖြေရှင်းပေးနိုင်ခြင်း

ဗောက်တွေက သွေးလည်ပတ်မှုမမှန်ခြင်းမှတဆင့် ဦးရေပြားအပေါ်တွင် ပေါ်ပေါက်လာသည့် အရေပြားဆဲလ်သေအဖတ်များဖြစ်ပါတယ်။ ဆံပင်ကို အကြောင်းအများအပြားခွဲပြီး ဦးရေပြားအပေါ်သို့ ဆားအနည်းငယ်ကိုဖြူးပေးပါ။ ၁၀ မိနစ်မှ ၁၅ မိနစ်ခန့် လက်အစိုဖြင့် ဦးရေပြားအပေါ်နှိပ်နယ်ပြီးလျှင် ပုံမှန်အတိုင်းရေဆေးချပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် ဦးရေပြားကို ကာကွယ်နိုင်ပြီး ဗောက်များဖြစ်ပေါ်မှုမှ တားဆီးနိုင်မှာဖြစ်ပါတယ်။

၃။ ဆံပင်နှင့်ဦးရေပြား အဆီပြန်မှုကို ဖယ်ရှားပေးခြင်း

အဆီခဲများအလွန်အကျွံထွက်ခြင်းကြောင့် ဖြစ်ပေါ်လာရတဲ့ ဦးရေပြားနှင့် ဆံကေသာအဆီပြန်မှုအား ဆားကိုအသုံးပြုပြီး ဖြေရှင်းနိုင်ပါတယ်။ ခေါင်းလျှော်ရည်အတွင်းသို့ လက်ဖက်ရည်ဇွန်းနှစ်ဇွန်းရှိ ဆားကိုထည့်မွှေကာ ခေါင်းလျှော်ပေးပါ။ စလုပ်ခါစမှပဲ ဆံပင်အတွင်းသိသာထင်ရှားသည့်ပြောင်းလဲမှုကို တွေ့မြင်နိုင်ကာ ဆံပင်သည်လည်း ပိုမိုကျန်းမာလာပြီး အဆီပြန်မှုလည်း နည်းပါးသွားမှာဖြစ်ပါတယ်။