တစ်ကိုယ်ရည်သန့်ရှင်းရေးထဲမှာ ခံတွင်းကျန်းမာရေးကလည်း အရေးကြီးပါတယ်။ များသောအားဖြင့် လူတွေဟာ ခံတွင်းနဲ့သွား ပြဿနာရှိမှ သွားဆရာဝန်ဆီ သွားကြပေမယ့် တကယ်တမ်းတော့ ကျန်းမာတဲ့လူနေမှုပုံစံအရဆို သင့်အနေနဲ့ Dentist ဆီကို မကြာခဏ သွားဖို့ လိုပါလိမ့်မယ်။
ဘာကြောင့် သွားဆရာဝန်ဆီ မကြာခဏ သွားနဲ့ခံတွင်းကျန်းမာရေး စစ်ဆေးမှု ခံယူသင့်သလဲဆိုတာကတော့ –
(၁) ကင်ဆာဖြစ်နိုင်မှုကို စောစောစီးစီး ကြိုသိနိုင်ခြင်း
လူတိုင်း ခံတွင်းကင်ဆာဖြစ်နိုင်ပါတယ်။ Dental Check-Up လုပ်ပေးခြင်းအားဖြင့် အန္တရာယ်များလှတဲ့ ရောဂါတွေကို အစောဆုံးကြိုတင်သိရှိ ကုသနိုင်မှာပါ။ ခံတွင်းနဲ့ ပါးစောင်ကင်ဆာလို ရောဂါအမြစ်တည်လို့ အချိန်လွန်မှ သိရမယ့်ရောဂါတွေကို သင့်သွားဆရာဝန်က အရင်ဆုံး ထောက်လှမ်းနိုင်ပါလိမ့်မယ်။
(၂) နှလုံးရောဂါ ဖြစ်နိုင်ခြေကို ကြိုသိနိုင်ခြင်း
သွားဆရာဝန်တွေဟာ သွားနဲ့ သွားဖုံးအခြေအနေကို စစ်ဆေးပြီး တခြားရောဂါကြီးတွေနဲ့ ဆက်စပ်မှု ရှိနိုင် မရှိနိုင်ဆိုတာကို အကဲဖြတ်နိုင်ပါတယ်။ ဥပမာ သွားဖုံးရောင်တာ ၊ သွေးယိုတာတွေလို ရောဂါလက္ခဏာတွေ ပြလာရင် အရင်က နှလုံးရောဂါဖြစ်ဖူးလားဆိုတာ စစ်ချက်ယူပါတယ်။ ပြီးရင် သင့်ကို ခံတွင်းအပြင် တစ်ကိုယ်လုံးကျန်းမာရေးအတွက် အရေးကြီးတဲ့ သတိပေးချက်နဲ့ လမ်းညွှန်မှုတွေ ပေးပါလိမ့်မယ်။
(၃) သွားနဲ့ ခံတွင်းကြောင့် ယုံကြည်မှု ပိုရစေခြင်း
သွားတွေ ဝါထိန်ပြီး ခံတွင်းနံ့ ဆိုးနေရင် အလိုလိုနေရင် ရုပ်ဆိုးပါတယ်။ သွားလေးတွေ ဖြူဖွေးပြီး ခံတွင်းနံ့ ရှင်းနေရင် လူဟာ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ချကျေနပ်ရသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ် Self-Assurance လည်း ပိုမြင့်လာတတ်ပါတယ်။ လူမှုဆက်ဆံရေးမှာလည်း ကိုယ့်ရဲ့ Good Oral Hygiene ကြောင့် စိတ်ထဲမှာ အေးဆေးသာယာ Feeling Calm ဖြစ်ရပါလိမ့်မယ်။
အနည်းဆုံးတော့ သွားဆေးခန်းကို တစ်နှစ် တစ်ခေါက်လောက် သွားပေးရုံနဲ့ တချို့ရောဂါကြီးတွေကို မဖြစ်ခင်က ကာကွယ်ပြီး ဖြစ်စေသလို သွားနဲ့ခံတွင်းကျန်းမာရေး ဗဟုသုတနဲ့ ထိန်းသိမ်းနည်းစနစ်တွေလည်း ရစေမှာ အမှန်ပါပဲ။