ချစ်သူရည်းစားပြဿနာတွေဆိုတာက  Social Media တွေမှာရော၊ အပြင်လောကတွေမှာပါ ဖြစ်ပျက်နေတဲ့ မရိုးနိုင်သောအကြောင်းအရာတွေ ဖြစ်ပါတယ်။ ချစ်သူရည်းစားတွေ ပြဿနာဖြစ်လာရင် အများအားဖြင့် နှစ်ကိုယ်ကြာားက မပြီးသွားပါဘူးနော်။ ဘေးမှာရှိနေတဲ့ သူငယ်ချင်းမိသားစုတွေပါ စိတ်အနှောက်အယှက်ဖြစ်ကြရပါတယ်။ ချစ်နေကြတုန်းကတော့ အပြစ်မမြင်နိုင်ပေမယ့် စိတ်အခန့်မသင့်လို့ တစ်ယောက်နဲ့တစ်ယောက်စကားများရန်ဖြစ်ရင်လည်း အာရုံတွေကနောက်ရပြန်ရော။ ကိုယ်နဲ့ရေရှည်လက်တွဲမဲ့ ချစ်သူက ကိုယ့်ကို နားလည်မှုပေးနိုင်တဲ့သူမျိုးလား။ သံယောဇဥ်တွေရှိနေလို့ မပြတ်နိုင်ဖြစ်နေတဲ့သူမျိုးလား။ အဲ့လိုမျိုး မပြေလည်တဲ့ဆက်ဆံရေးတွေကို ရေရှည်လက်တွဲသွားဖို့တော့ အကြံမပေးချင်ပါဘူးနော်။ ဒီလိုမျိုး ကိုယ့်အတွက် စိတ်မွန်းကြပ်စေတဲ့သူမျိုးကို ဘာလို့လမ်းခွဲသင့်လဲဆိုရင်…..

ယုံကြည်မှုတွေ ဆုံးရှုံးခြင်း 

ကိုယ့်ဘဝကိုယ် ငါလုပ်နိုင်ရဲ့လား ဖြစ်အောင်လုပ်နိုင်ဖို့ အရည်အချင်းရော ငါမှာရှိသေးရဲ့လား အဲ့လိုစိတ်တွေက ကိုယ့်ဘဝအတွက်အဆိုးရွားဆုံး ဆုံးရှုံးမှုတွေဖြစ်ပါတယ်။ ကိုယ်ကတစ်ခုခုလုပ်မယ်ဆိုရင် ကိုယ့်ချစ်သူကိုတိုင်ပင်ရင် သူကNegative ဆန်တဲ့အတွေးတွေပဲ ကိုယ့်ခေါင်းထဲကို ရိုက်သွင်းပေးလိုက်ရင် တဖြည်းဖြည်းနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေလျော့နည်းလာတတ်ပါတယ်နော်။

စိတ်ခဏခဏပင်ပန်းခြင်း 

စိတ်ကျေနပ်မှုမပေးနိုင်တဲ့ Relationship တစ်ခုကိုပိုင်ဆိုင်ထားသူတိုင်းက စိတ်ခဏခဏမောရခြင်း၊ အမြဲတမ်းစိတ်ရှုပ်နေတတ်ကြရပါတယ်။ ဒီလိုမျိုးစိတ်မပျော်ရွှင်ရလျှင် ကိုယ့်ရဲ့အလုပ်မှာလည်း ထိခိုက်လာနိုင်သလို စိတ်ကမကြည်တဲ့အတွက်ကိုယ့်မိသားစု ပတ်ဝန်းကျင်ကိုလည်း ပျော်ရွှင်မှုတွေပေးနိုင်မှာမဟုတ်ပါဘူးနော်။ သူနဲ့ပတ်သက်လာရင် ကိုယ့်စိတ်တွေက မွန်းကြပ်နေရတယ်၊ ငါ့ကိုအပြစ်တစ်ခုခုများပြောမလားဆိုပြီး စိုးရိမ်းနေရလျှင်တော့ အချိန်တွေမနှောင်းခင် လမ်းခွဲလိုက်တာက အကောင်းဆုံးဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ်တန်ဖိုးမထားခြင်း 

တန်ဖိုးဆိုတာ ကိုယ့်ကိုယ်တိုင်ကလုပ်ယူရတာမျိုးဖြစ်ပါတယ်။ တစ်စုံတစ်ယောက်ကြောင့် ကိုယ့်ဘဝကြီးကို အဆုံးအရှုံးမခံပါနဲ့နော်။ သူနဲ့ပတ်သက်လိုက်တဲ့အချိန်တွေမှာ ကိုယ့်ဘဝအတွက် ဘာတိုးတက်မှုမှမရှိတဲ့အပြင် ပိုပြီးဆုံးရှုံးမယ်ဆိုရင် ကိုယ့်ဘဝအတွက် သူကအဖော်အမွန်ကောင်းတော့ မဖြစ်နိုင်လောက်ပါဘူးနော်။ နားလည်းမှုမရှိတဲ့ အချစ်ရေးတစ်ခုက နှစ်ဦးနှစ်ဖက်စလုံးအတွက်  စိတ်ဆင်းရဲစရာတွေများတတ်ကြပါတယ်။
Photo Source – Free.pik