ရေချိုးလိုက်မှ စိတ်ကူးသစ်တွေ ထွက်လာဖူးလား။ ဒီလိုပေါ်လာတတ်တာက သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ သင်က ရေချိုးတဲ့အချိန်မှ ဘာလို့ အိုင်ဒီယာသစ်တွေထွက်လာလဲ သိချင်တယ်ဆိုရင်တော့ ဆက်ကြည့်ပေးပါနော်-

၁။ အတွေးသစ်တွေက မတွေးတဲ့အချိန်မှ ထွက်လာတတ်တယ်

သုတေသနပြုစုသူတွေက ကောလိပ်ကျောင်းသားတွေနဲ့ စမ်းသပ်ခဲ့ကြပါတယ်။ စမ်းသပ်ချက်မှာတော့ ကျောင်းသားတွေကို ပြဿနာတစ်ခုရဲ့ အဖြေက တစ်ဆင့်ပြီး တစ်ဆင့်တွေးရာက ထွက်တာလား ဒါမှမဟုတ် ရုတ်တရက် အဖြေပေါ်လာတတ်တာလား မေးမြန်းခဲ့ကြတာပါ။ စမ်းသပ်မှုမှာတော့ ပြဿနာကို ဖြေရှင်းခဲ့သူတွေက တစ်ဆင့်ပြီး တစ်ဆင့် အဖြေရှာသူတွေမဟုတ်ဘဲ ရုတ်တရက် အတွေးပေါ်လာသူတွေဖြစ်နေပါတယ်။ ရေချိုးလိုက်တဲ့အခါ စိတ်ကူးကောင်းတွေ စီးဝင်လာတတ်ပါတယ်။

၂။ ရေချိုးခြင်းက Dopamine Level ကို တက်စေပါတယ်

ရေချိုးလိုက်တဲ့အခါ စိတ်အားထက်သန်မှုနဲ့ အာရုံစူးစိုက်မှုကို ဖြစ်ပေါ်စေတဲ့ Dopamine ထွက်လာပါတယ်။ Dopamine က မှတ်ဉာဏ်နဲ့ ဦးနှောက် လုပ်ငန်းတွေအတွက် အရေးပါ ပါတယ်။ ရေအေးအေးလေးနဲ့ ရေချိုးလိုက်တာက Dopamine Level ကို ၂၅၀ ရာခိုင်နှုန်းထိ တက်စေပါတယ်။

၃။ အပန်းဖြေရာရောက်တယ်

ကျွန်မတို့အနားယူတဲ့အချိန်မှာ ကျွန်မတို့အတွေးတွေက ပိုစူးစိုက်မှုများလာပြီး အတွေးသစ်တွေ ထွက်လာတတ်ပါတယ်။ ရေချိုးခြင်းက စိတ်ဖိစီးမှုနဲ့ သောကကို လျော့ကျစေပါတယ်။ စိတ်တည်ငြိမ်စေပါတယ်။

၄။ အာရုံပြောင်းလိုက်တာက အတွေးသစ်ထွက်စေတယ်

အာရုံအလွှဲအပြောင်းလုပ်လိုက်ခြင်းက ဦးနှောက်ကို အနားပေးရာရောက်ပါတယ်။ ရေချိုးလိုက်တာက အာရုံလွဲှရာရောက်ပြီး အနားပေးလိုက်သလို ဖြစ်စေပါတယ်။

၅။ အိပ်ချင်တဲ့အချိန်မှာ ဖန်တီးမှုမြင့်နေတတ်တယ်

သင်က မနက် နိုးတဝက် အိပ်တဝက်ဖြစ်နေတဲ့အချိန် ရေချိုးဖူးမှာပါ။ ဒါမှမဟုတ် ပင်ပန်းလွန်းလို့ ညဘက် အိပ်ရာဝင်ခါနီး အမြန်ရေချိုးဖူးမှာပါ။ သင်က ပင်ပန်းတဲ့အချိန် အိုင်ဒီယာသစ်တွေ မထွက်နိုင်ဘူးလို့ တွေးကောင်းတွေးနိုင်ပေမယ့် သိပ္ပံပညာရှင်တွေက Brain Fog က တီထွင်နိုင်စွမ်း ပိုတက်စေ တယ်လို့ ဆိုထားပါတယ်။ သင်က ညဘက် နောက်ကျမှ အိပ်တတ်သူဆိုရင် မနက်ပိုင်းမှာ အတွေးသစ်ပေါ်လာတတ်ပါတယ်။

Source: Brightside.me

By MyStyle Myanmar