အားလုံးပဲ မင်္ဂလာပါ။ စုံတွဲလို့ပြောလိုက်တာနဲ့ အားလုံးရဲ့ မျက်လုံးထဲမှာ ပြေးမြင်လိုက်တာက ကောင်မလေးကငယ်ပြီး ကောင်လေးက အသက်ကြီးတာပါပဲ။ ချစ်သူကောင်မလေးထက် ကောင်လေးကငယ်တယ်ဆိုတာမျိုးဟာ အရင်အချိန်တွေတုန်းကတော့ သိပ်ပြီးလက်မခံခဲ့ကြပေမယ့် အခုချိန်မှာတော့ ဒီလိုတွေမရှိတော့ပါဘူး။

အသက်အရွယ်အပိုင်းအခြားတွေက အဓိကအရေးကြီးတဲ့ အခန်းကဏ္ဍမဟုတ်တော့သလို နောက်ထပ်အံ့သြစရာကောင်းတာက အကြောင်းအရင်းအမျိုးမျိုးကြောင့် အမျိုးသားအများစုဟာ ကိုယ့်ထက်အသက်ကြီးတဲ့ မမတွေကို ပိုပြီးစိတ်ဝင်စားကြပါတယ်။

ဘာလို့ ကောင်မလေး ငယ်ငယ်ချောချာလေးတွေထက် တည်ငြိမ်ရင့်ကျက်တဲ့ မမတွေအပေါ်မှာ ပိုပြီးဆွဲဆောင်မှုရှိကြသလဲဆိုတာကို အခုပဲဖတ်ကြည့်လိုက်ရအောင်ပါ။

သူတို့ဘာလိုချင်လဲဆိုတာကို သေချာသိတယ်

ယောကျာ်းလေးအများစုအနေနဲ့ အသက်ကြီးတဲ့ မမတွေအပေါ်မှာ စိတ်ဝင်စားမိတဲ့ ပထမဦးဆုံးအချက်ကတော့ သူမရဲ့အာရုံစိုက်မှုပါပဲ။ သူမဘာလိုချင်လဲဆိုတာကို သေချာသိပြီးတော့ ပိုပြီးကြီးမာတဲ့ရည်မှန်းချက်၊ ပန်းတိုင်တွေကို ရောက်ရှိနိုင်အောင် အာရုံစိုက်ပြီးတော့ ကြိုးစားကြပါတယ်။ အသက်ငယ်တဲ့ ကောင်မလေးတွေအနေနဲ့ ရည်းစားထားပြီး၊ ရုပ်ရှင်တွေကြည့်ပြီး ကမ္ဘာကြီးအကြောင်းကို လေ့လာနေချိန်မှာ မမတွေကတော့ ကိုယ့်ဘဝအပါအဝင် ကိုယ်ချစ်ရတဲ့ရလူတွေရဲ့ ဘဝအပေါ်မှာပါ တိုးတက်မှုတွေအတွက် လမ်းစကိုရှာဖွေနေကြပါတယ်။

ဘဝအကြောင်းပိုသိခြင်း

မမတွေဟာ ဘဝနဲ့ပတ်သက်လို့ဖြစ်ဖြစ်၊ ချစ်ရေးချစ်ရာကိစ္စတွေမှာဖြစ်ဖြစ် ကိစ္စအများစုနဲ့ပတ်သက်လို့ အတွေ့အကြုံတွေရှိတာကြောင့် သူမဆီကနေ သင်ယူစရာတွေ အများကြီးပါ။ ဘဝနဲ့ပတ်သက်လို့ လက်တွေ့ကျတဲ့ ရှုထောင့်ဖက်ကနေ ကြည့်နိုင်အောင် ကိုယ့်ကိုကူညီပေးနိုင်မှာဖြစ်ပြီး အမျိုးသားတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်နဲ့ပတ်သက်လို့ မမြင်နိုင်တဲ့ စွမ်းရည်တွေကို မြင်နိုင်တဲ့ အစွမ်းသတ္တိတွေလည်းရှိပါတယ်။

အရာရာကို မတူညီတဲ့ ရှုထောင့်ကနေကြည့်နိုင်အောင် ကူညီပေးခြင်း

ကိုယ့်ထက်အသက်ကြီးတဲ့သူကို ချစ်သူအနေနဲ့ ပိုင်ဆိုင်ထားခြင်းဟာ ကိုယ့်ကိုယ်ကို တိုးတက်စေဖို့အတွက် အခွင့်အရေးပေးလိုက်သလိုပါပဲ။ သူမကြောင့် ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို အတွင်းနက်နက်သိနားလည်လာနိုင်ပြီး ကိုယ့်စိတ်မှာဖြစ်ပေါ်နေတာတွေကို ပွင့်ပွင့်လင်းလင်းပြောဆိုနိုင်ပါတယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပြီး အနှောင်အဖွဲ့ကင်းမဲ့ခြင်း

အသက်ငယ်တဲ့ ချစ်သူကောင်မလေးတွေအနေနဲ့ လူ့ပတ်ဝန်းကျင်ရဲ့ အာရုံစိုက်မှုတွေ၊ လက်ခံမှုတွေကို ရရှိဖို့အတွက် ကြိုးစားနေချိန်မှာ မမတွေကတော့ သူ့ဘဝနဲ့သူပါပဲ။ ကိုယ်နဲ့ပတ်သက်လို့ ဘာဆိုပြီးတော့ သူများတကာကို သက်သေလိုက်ပြမနေသလို အများလက်ခံဖို့အတွက်လည်း မကြိုးစားပါဘူး။

စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်တည်ငြိမ်ခြင်း

ကိုယ့်ထက်အသက်ကြီးတဲ့ ချစ်သူကောင်မလေးတွေဟာ သူတို့ရဲ့ဘဝမှာ အမျိုးစုံသော အခြေအနေများကို ကြုံတွေ့ခဲ့ရပြီးဖြစ်တာကြောင့် ကိစ္စတစ်ခုရင်ဆိုင်လာရတိုင်း ပြာယာခတ်မနေဘဲ သူတို့ရဲ့စိတ်ခံစားချက်တွေနဲ့ အမူအယာတွေကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို သိကြပါတယ်။ ဒီလိုပြောလို့လည်း သူမဟာ ပျင်းစရာကောင်းသူ၊ စိတ်ဝင်စားစရာမကောင်းတဲ့လူလို့ မဆိုလိုပါဘူးနော်။

ဂရုစိုက်တတ်တယ်

အချို့သောချစ်သူကောင်လေးတွေအနေနဲ့ ကိုယ့်ထက်အသက်ကြီးတဲ့သူကို ချစ်သူအနေနဲ့ထားရှိရတဲ့ ရည်ရွယ်ချက်ကတော့ ဂရုစိုက်တာခံချင်လို့ပါပဲ။ စိတ်ပိုင်းဆိုင်ရာနဲ့ ခံစားချက်ဆိုင်ရာ ထောက်ပံ့မှုမျိုးကို ပေးစွမ်းနိုင်တဲ့ မမတွေကို ရှာဖွေတာကို ပြောရတာဖြစ်ပါတယ်။ ကိုယ်ကြိုက်တဲ့ဟင်းတွေချက်ကျွေးမယ်၊ ကိုယ့်အတွက် အကျီလေးတွေလိုက်ရွေးပေးမယ်။ ဒီလိုမျိုးလေးတွေပေါ့နော်။

Credit: BrightSide