အခုချိန်ထိ Skincare Routine က အမျိုးသားတွေနဲ့မဆိုင်ဘူးလို့ ထင်နေတုန်းလား ? ယောက်ျားလေးအများစုက Skincare Routine ဆိုတာ မိန်းကလေးတွေအတွက်ဘဲလို့ တွေးတတ်ကြပါတယ်။ တကယ်တော့ အမျိုးသားတွေမှာလည်း လူပျိုဖော်ဝင်စနဲ့ အရွယ်ရောက်ပြီးချိန်တွေမှာ Skincare Routine မဖြစ်မနေလိုအပ်ပါတယ်။

အမျိုးသားတွေ ဘာကြောင့် Skincare routine ကို အရင်ကထက် ပိုလိုအပ်တာလဲ ?

1. Environmental Factors and Pollution

ဒီနေ့ခေတ်ရဲ့လေထုညစ်ညမ်းမှုက သင့်အသားအရေကို အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊ အသားအရေပျက်စီးခြင်းနဲ့ အရင်တုန်းကမရှိခဲ့တဲ့ အရေပြားရောဂါအမျိုးမျိုးတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကိုကာကွယ်ဖို့ သင့်တော်တဲ့ Skincare ကို ရွေးသုံးပါ။

2. Stress and Lifestyle

အစားအသောက်ပုံစံမမှန်တာ ၊ စိတ်ဖိစီးမှုများတာ ၊ အိပ်ရေးမဝတာတွေက သင့်အသားအရေပေါ် သိသိသာသာဆိုးကျိုးများ ဖြစ်စေပါတယ်။ ဒါကိုကာကွယ်ဖို့ အသားအရေနဲ့ကိုက်ညီတဲ့ Skincare ကို ရွေးချယ်ဖို လိုအပ်ပါတယ်။

3. Workplace Expectations

ဒီနေ့ခေတ်လို အပြိုင်အဆိုင်များတဲ့လုပ်ငန်းခွင်မှာ သန့်ရှင်းသပ်ရပ်မှုအပြင် ရုပ်လက္ခဏာကလည်း အရေးပါလွန်းလှပါတယ်။ ဒါကြောင့် Skincare ပုံမှန်လုပ်ခြင်းအားဖြင့် ပြိုင်ဘက်များထက် သာလွန်ကောင်းမွန်မှုနဲ့ အားသာချက်များကို ပေးစွမ်းနိုင်ပါတယ်။

4. လူမှုစံနှုန်းများ ပြောင်းလဲခြင်း

ဒီနေ့ခေတ်ရဲ့ လူမှုစံနှုန်းတွေဟာ အရင်ကထက် အများကြီးပြောင်းလဲလာပါပြီ။ ဒီအချက်အပေါ် အမျိုးသားများလည်း သတိပြုမိပြီး ယုံကြည်မှုရှိချင်လာတာကြောင့် အသားအရေထိန်းသိမ်းမှုနဲ့ ကျန်းမာရေးအပေါ် အာရုံစိုက်မှု တိုးလာကြပါတယ်။