September 23 ကနေ October 22 အထိ ဒီရက်တွေထဲမွေးဖွားသူတွေက Libra ရာသီဖွားတွေဖြစ်ပါတယ်။ Libra ရာသီဖွားတွေရဲ့ သဘာဝက တည်ငြိမ်အေးဆေးမှုကို ဆောင်ပါတယ်။ တည်ငြိမ်တဲ့ လေပြေလေအေးလို့ တင်စားကြပါတယ်။ သင်က Libra ရာသီဖွားတစ်ယောက်ဆိုရင် ဒီအကြောင်းအရာက သင့်အတွက်ဖြစ်ပါတယ်။ သင့်သူငယ်ချင်းတွေထဲမှာလည်း Libra ရာသီဖွားတွေရှိရင် သူတို့ကို Mention ခေါ်လိုက်ပါဦး။ ဘာကြောင့် Libra တွေက ပေါင်းသင်းရလွယ်ကူတာလဲဆိုတော့-

၁။ ဟန်ချက်ညီညီနေထိုင်တတ်ကြတယ်

Libra တွေက အရာရာကို ဟန်ချက်ညီညီနဲ့ နေထိုင်တတ်ကြပါတယ်။ လူတွေရဲ့ စိတ်ဝင်စားမှုကို အမြဲလိုချင်နေသူတွေမဟုတ်ပါဘူး။

၂။ ပူးပေါင်းဆောင်ရွက်တတ်တယ်

Libra ရာသီဖွားတွေက ညှိုနှိုင်းရလွယ်ကူသူတွေဖြစ်ပါတယ်။ သဘောထားပြည့်သူတွေဖြစ်ကြပါတယ်။


၃။ ပွင့်လင်းကြတယ်

Libra တွေက အမှန်အတိုင်းပြောရဲပြီး ပွင့်လင်းတဲ့စရိုက်ရှိပါတယ်။

၄။ လူတွေနဲ့ ဘယ်လိုပေါင်းရမလဲသိတယ်

ကိုယ်ကြုံတွေ့ရတဲ့ အသိုင်းအဝိုင်းအလိုက် Libra တွေက လူပေါင်းဆံ့ကြပါတယ်။ လူအမျိုးမျိုးနဲ့ သင့်မြတ်အောင် ပေါင်းသင်းတတ်ကြပါတယ်။


၅။ တစ်ပါးလူကို နားလည်တတ်ကြတယ်

နားလည်တတ်သူတွေက Libra တွေပါပဲ။ တစ်ပါးသူတွေအတွက် စဉ်းစားပေးပြီး ပေါင်းသင်းရလွယ်သူတွေဖြစ်ပါတယ်။

၆။ စိတ်ရှည်ကြတယ်

အကြောင်းအရာတစ်ခုကို စိတ်ရှည်ရှည်နဲ့ ရှင်းပြတတ်သူတွေက Libra တွေပါပဲ။ ဒါကြောင့် သူတို့ကို လူချစ်လူခင်ပေါများတာ မဆန်းပါဘူး။


၇။ နားထောင်တတ်သူတွေဖြစ်တယ်


သူတို့က အခြားလူတွေရဲ့ ပြောစကားတွေကို တလေးတစားနဲ့ စိတ်ရှည်ရှည်နားထောင်ပေးတတ်ပါတယ်။ နားထောင်ကောင်းသူတွေဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar