တော်တော်များများကမျက်နှာနဲ့ Body ဆိုရင် မျက်နှာကိုပဲပိုပြီးဂရုစိုက်နေတာကိုတွေ့ရပါတယ်။ တကယ်တော့ လူတစ်ယောက်မှာ ခန္ဓာကိုယ်အသားအရေလှဖို့ကလည်းအရေးပါတဲ့အရာတစ်ခုပါ။ ဒီလိုအသားအရေလှဖို့နဲ့ နူးညံ့ချောမွတ်တဲ့အသားအရေလေးကို ပိုင်ဆိုင်နိုင်ဖို့ Body Scrub ကလည်းလုပ်ပေးဖို့ လိုပါသေးတယ်။

Body Scrub လုပ်ပေးတယ်ဆိုတာကနေ့တိုင်းလည်းလုပ်ပေးရတာမဟုတ်ပဲတစ်ပတ်တစ်ခါလောက်ပဲလုပ်ပေးရတာဆိုတော့ မပျင်းမရိပဲလုပ်ပေးဖို့ တိုက်တွန်းပါတယ်။ တစ်ပတ်မှာတစ်ရက်လောက်ပဲ အချိန်ပေးရတာဖြစ်တဲ့အပြင် ကိုယ့်ပိတ်ရက်လေးမှာ အေးအေးဆေးဆေးလည်းလုပ်လို့ရတော့ လူတိုင်းလုပ်ရတာအဆင်ပြေမှာပါ။

Source: www.netdoctor.com

ဒီလို Body Scrub ကိုသုံးပေးခြင်းကအရေပြားပေါ်ကဆဲလ်အသေတွေကိုဖယ်ရှားပေးပါတယ်။ နေလောင်ထားတဲ့အချိန်မှာ Body Scrub လုပ်ပေးရင် အရမ်းကိုသိသာပါတယ်။ သူကနေလောင်ထားလို့ အသားအရောင်မညီတာတွေကို ပြန်လည်ပြုပြင်ပေးနိုင်ပြီးမဲညစ်နေတဲ့အသားအရေတွေကို ပြန်လည်ကြည်လင်လာစေပါတယ်။ အသားအရေကိုလည်း နူးညံ့ချောမွတ်စေတဲ့အပြင် သွေးလည်ပတ်မှုကိုလည်းကောင်းမွန်စေပါတယ်။ အရေပြားမှာကပ်နေတဲ့ အညစ်အကြေးတွေ၊ ချေးတွေကလည်း Scrub လုပ်လိုက်တာနဲ့ အားလုံးပါသွားမှာပါ။

Source: www.thehealthsite.com

Scrub လုပ်ပြီး Lotion လိမ်းပေးမယ်ဆိုရင်တော့ အသားအရေက အစိုဓာတ်ကိုပြန်လည်ဖြည့်ပေးပြီး မလုပ်ခင်ကအသားအရေနဲ့မတူတော့အောင်ကို နူးညံ့ချောမွတ်သွားတာတွေ့ရပါလိမ့်မယ်။

ဒါကြောင့် ကမ်းခြေသွားထားလို့နေလောင်နေတဲ့သူတွေပဲဖြစ်ဖြစ်၊ အသားကနေလောင်ထားလို့ မဲသွားတဲ့သူတွေပဲဖြစ်ဖြစ် Scrub လုပ်ပေးမယ်ဆိုရင်တော့ အသားအရေကပြန်ကြည်လင်လာပြီး ပြန်ဖြူလာမှာပါ။ နေမလောင်ထားတဲ့သူတွေအနေနဲ့ကတော့ Scrub ပုံမှန်လုပ်ပေးမယ်ဆိုရင် အသားအရေကအမြဲတမ်းသန့်စင်ပြီး ကြည်လင်နေမှာပါ။ ဒါ့အပြင် အသားအရေလည်းနူးညံ့လာပြီးအသားလည်းပိုဖြူလာမှာပါ။

Source: www.beautyandmakeuplove.com

သတိထားရမှာကတော့ Scrub လုပ်ပြီးလို့ ရေဆေးချ၊ ရေချိုးပြီးတာနဲ့ ရေဓာတ်ဖြည့်ပေးတဲ့ Body Lotion ကိုလိမ်းပေးဖို့ မမေ့ပါနဲ့။ နောက်တစ်ခုကတော့ Scrub လုပ်ပြီးသွားရင် အသားကအရမ်းနုသွားတာဖြစ်တဲ့ နေပူထဲမထွက်မိဖို့လိုပါတယ်။ ဒါကြောင့် Scrub လုပ်မယ်ဆို ပိတ်ရက်မှာ အေးအေးဆေးဆေးလုပ်တာအကောင်းဆုံးပါပဲ။