(၉၈) ရာခိုင်နှုန်းသော လူတွေဟာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ နှောင့်ယှက်ခြင်းကို တစ်ရက်ကို အကြိမ်ရေအနည်းငယ်ခန့် ခံရလေ့ရှိကြောင်း ပြောဆိုထားကြပါတယ်။ ပညာရှင်တွေကတော့ ဒီလို လုပ်ဖော်ကိုင်ဖက်တွေရဲ့ နှောင့်ယှက်ခြင်းခံရတာဟာ အလုပ်ပြီးမြောက်မှုနဲ့ ထိရောက်မှုကို လျှော့ကျစေတယ်လို့ ပြောထားကြပါတယ်။

ဒီနေ့မှာတော့ လုပ်ငန်းခွင်ထဲမှာ ဘာလို့လုပ်ဖော်ကိုင်ဖက်တွေကို မသိကျိုးကျွန်ပြုတာက အလုပ်ပိုပြီးတွင်စေသလဲဆိုတဲ့ အကြောင်းရှင်းပြပေးသွားမှာပါ။

ရုံးအလုပ်တော်တော်များများဟာ အာရုံစိုက်ပြီးလုပ်ကြရပါတယ်။ ဒါပေမယ့် မိမိရဲ့လုပ်ဖော်ကိုင်ဖက်တွေက အနားမှာလာပြီး ခဏခဏ မေးခွန်းတွေလာမေးနေမယ်ဆိုရင်တော့ အာရုံစိုက်ဖို့ ခက်ခဲပါလိမ့်မယ်။

“အခုဘာလုပ်နေတာလဲ” (သို့) ချစ်သူနဲ့ အခြေအနေဘယ်လိုရှိလဲ စသဖြင့် အလုပ်နဲ့ မပတ်သက်တဲ့ အကြောင်းလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် နောက်ဆုံးရလဒ်အနေနဲ့ကတော့ အလုပ်မှာ အာရုံစူးစိုက်နိုင်မှုလျှော့ကျပြီး တစ်နေ့လုံးဘာအလုပ်မှ မပြီးသလို ခံစားရစေပါတယ်။

ကျွမ်းကျင်သူတွေရဲ့ ပြောကြားချက်အရ ဒီလိုနှောက်ယှက်မှုခံရပြီးရင် အလုပ်အပေါ်အာရုံပြန်စိုက်နိုင်ဖို့ (၅) မိနစ်မှာ (၂၅) မိနစ်အထိ အချိန်ယူရတယ်လို့ သိရပါတယ်။ ဒါ့အပြင် မတူညီတဲ့အလုပ်တွေကို ပြောင်းပြီးလုပ်နေရတာဟာ စွမ်းအင်တွေ ကုန်ဆုံးစေပြီး နောက်ဆုံးမှာ ပင်ပန်းမှုဒဏ်ကို ခံစားရစေပါတယ်။

လုပ်ဖော်ကိုင်ဖက်တွေရဲ့ နှောက်ယှက်ခြင်းမခံရ‌အောင် နေနည်း

  • တစ်ချို့တွေက နားကြပ်ကို တစ်ချိန်လုံးတပ်ထားလေ့ရှိကြတယ်။ သီချင်းတွေဖွင့်ထားခြင်းမရှိတာတောင် တပ်ထားကြလေ့ရှိတယ်။
  • တစ်ချို့တွေက သီးသန့်ခွဲပြီးနေကြတယ်။ ရုံးခန်းတံခါးပိတ်ပြီး နေတာမျိုးလုပ်ကြတယ်။
  • သူဌေး (သို့) မန်နေဂျာတွေရဲ့ အနားမှာနေတာကလည်း လုပ်ဖော်ကိုင်ဖက်တွေရဲ့ နှောက်ယှက်မှုကို လျှော့ကျနိုင်စေပါတယ်။
  • ဒီလိုမှမဟုတ်ရင်လည်း မိမိရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလုပ်ချိန်အတွင်း နှောက်ယှက်မှုမပြုရဆိုတဲ့ သဘောတူညီချက်ယူထားလို့ရပါတယ်။ ဒီနည်းက လူတိုင်းအလုပ်ကို အာရုံစိုက်ပြီးလုပ်နိုင်ဖို့ အထောက်အကူပြုပါလိမ့်မယ်။
  • အိမ်မှာလုပ်တဲ့သူတွေလည်း ဒီလိုနှောက်ယှက်မှုတွေနဲ့ ကြုံရတတ်ပါတယ်။ ရုံးမှာလုပ်တဲ့သူတွေနဲ့မတူတာကတော့ အရေးကြီးတဲ့ မေးခွန်းတွေ မေးခံရတာပါပဲ။ အိမ်မှာလုပ်တဲ့လူတွေကို နှောက်ယှက်တဲ့သူတွေကတော့ မိသားစုဝင်တွေရယ်အိမ်မှာနေတဲ့သူတွေရယ်ပဲဖြစ်ပါတယ်။

Source: Bright Side