အစကအဲလောက်မဝဘူး ဒီအလုပ်လုပ်မှ ဝလာတာဆိုတဲ့ စကားမျိုးကို ကျွန်မတို့ ကြားရလေ့ရှိပါတယ်။ ဒီနေ့လူတွေတော်တော်များများဟာ စားပွဲတစ်လုံးပေါ်မှာထိုင်ပြီး အလုပ်လုပ်ကြတာများပါတယ်။

ဒါပေမယ့် အဲဒီလိုစားပွဲပေါ်မှာ ထိုင်နေတာဟာ ဝိတ်တက်စေပေမယ့် သင့်ကို ပိုပြီး ဝိတ်တက်စေတဲ့ အကြောင်းရင်းတွေရှိပါတယ်။ အဲဒီအကြောင်းရင်းတွေကို မျှဝေပေးသွားမှာပါ။

၁။ ဗိုက်ပြည့်နေပေမယ့် စားတယ်။

လုပ်ငန်းခွင်ထဲမှာ ဗိုက်ပြည့်နေပေမယ့် လုပ်ဖော်ကိုင်ဖက်တွေရဲ့ မွေးနေ့တွေ၊ သူတို့ယူလာတဲ့ သရေစာမုန့်တွေကို သင်တတွတ်တွတ်စားနေတာကြောင့်ပါ။ သင်ကိုယ်ကိုယ် သတိမထားမိတဲ့အချိန်မှာ ခါးမှာ တဖြည်းဖြည်း အဆီတွေစုလာပြီး နောက်ပိုင်း ခါးတုတ်တုတ်ကြီး ဖြစ်လာတော့တာပါပဲ။

၂။ အမှန်တကယ် ဗိုက်ပြည့်စေတဲ့ အစားအစာမစားဘူး

သင့်ရဲ့ တနေ့တာလုံး အစားအစာ စားသုံးမှုကို ချင့်ချိန်မစားသုံးဘူး။ နေ့လည်ဖက်မှာလည်း သင်စားချင်တာမှာစားတယ်။ အမြန်စားအစားအစာတွေ ခဏခဏ စားတယ်။ ပီဇာတို့၊ ဟမ်ဘာဂါတို့၊ အာလူးကြော်တို့ စားလေ့ရှိတာကြောင့်ပါ။ ဒီနေ့တော့စားလိုက်မယ် မနက်ဖြန်မှာ ပြန်ပြီးဝိတ်ချတော့မယ်ဆိုတဲ့ ဆင်ခြင်မျိုး ခဏခဏပေးလေ့ရှိကြပါတယ်။

၃။ အခန်းထဲက မီးရောင်နဲ့ အပူချိန်ဟာလည်း သင့်ရဲ့ စားချင်စိတ်အပေါ် သက်ရောက်မှုရှိပါတယ်။

သုတေသနပြုချက်အရ သင့်အလုပ်ခန်းထဲက မီးရောင်တွေဟာ သင့်ရဲ့ စားချင်စိတ်ကို ပိုပြီးဖြစ်စေပါတယ်။ အခန်းက နည်းနည်းမှောင်နေရင် ပိုပြီး စားချင်စိတ်ဖြစ်စေပါတယ်။ ဒါ့ကြောင့် လင်းလင်းထင်းထင်း ရှိတဲ့ အလုပ်ခန်းတစ်ခုဖြစ်ပါစေ။

၄။ အလုပ်ချိန် ပိုလုပ်တာကြောင့်

သင်ဟာ သတ်မှတ်ထားတဲ့ အလုပ်ချိန်ထက် ပိုပြီး လုပ်ရတာကြောင့် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရှိတာ၊ အိမ်ချိန် မလုံလောက်တာမျိုးဖြစ်စေပြီး စားချင်စိတ်ကို မြင့်တက်စေပါတယ်။

၅။ စိတ်ဖိစီးမှုကြောင့်

အလုပ်တစ်ခုရဲ့ နောက်ဆုံးသတ်မှတ်ချိန် (Deadline) တွေ၊ အလုပ်က စိတ်ဖိစီးမှု အဆင်မပြေမှုတွေကြောင့် ကိုယ်အလေးချိန်တက်စေပါတယ်။ အဲဒီလို စိတ်ဖိစီးမှုတွေကြောင့် အဆီတွေပိုပြီး ထုတ်ပေးပါတယ်။