တစ်ကယ်ချစ်ကြပြီး နားလည်မှုအပြည့်နဲ့ အဆင်ပြေနေကြတဲ့ ချစ်သူရည်းစားတွေ တော်တော်များများမှာ တွေ့ရတတ်နေတဲ့ အခြေခံအချက်လေးတွေကလည်း အတူတူမုန့်သွားစားရင်းနဲ့ ဖြစ်လာတယ်ဆိုရင်ရော သင်ယုံကြည်ပါသလား? မုန့်သွားစားတာပဲ ဘာများထူးဆန်းသွားလို့လဲလို့ MyStyle Myanmar ချစ်သူလေးတွေ ကောင်းတွေးမိပါလိမ့်မယ်။ အထူးသဖြင့်ချစ်သူရည်းစားတွေမှာပေါ့နော်။

အတူတူမုန့်သွားစားတာများတာနဲ့ ကောင်းမွန်တဲ့အချစ်ရေးကို ဘာကြောင့်ပိုင်ဆိုင်နိုင်ရတာလဲဆိုတဲ့မေးခွန်းတွေကို ဖြေရှင်းနိုင်မယ့် အကြောင်းပြချက်တွေ အများကြီးပဲရှိပါတယ်နော်။ အဲဒီအကြောင်းပြချက်များစွာထဲကမှ တချို့ကို ပြောပြပေးချင်ပါတယ်။

ရင်းနှီးမှု

သူငယ်ချင်းနဲ့အတူတူမုန့်သွားစားတာထက် ကိုယ့်ချစ်သူနဲ့မုန့်သွားစားတာက ပိုပြီးတော့ရင်းနှီးမှုတွေကို ရစေတာတော့ အသေချာပါပဲ။ ဒီလိုပြောလို့ သူငယ်ချင်းတွေကို အချိန်မပေးရဘူးလို့ မဆိုလိုပါဘူးနော်။ ကိုယ်ချစ်ရတဲ့သူနဲ့ အပြင်မှာမုန့်ခဏခဏထွက်စားတဲ့သူတွေက ရင်းနှီးမှုကိုပိုတိုးပြီးတော့ရစေနိုင်ပါတယ်။ စားနေရင်းနဲ့စကားပြောတဲ့အခါမှာလည်း ပေါ့ပေါ့ပါးပါးလေးတွေပဲ ပြောဖြစ်တာများတဲ့အတွက်ကြောင့် ပိုရင်းနှီးသလိုခံစားရစေတာပေါ့။

အပြန်အလှန်မျှဝေတတ်ခြင်း

တစ်ယောက်ကိုတစ်ယောက် မျှဝေပေးတတ်တဲ့အကျင့်လေးကြောင့်လည်း ပိုပြီးတော့ချစ်စရာကောင်းတဲ့အကျင့်လေးတွေ ဖြစ်စေတာပေါ့။ တစ်ယောက်စားဖို့အတွက် ထည့်ပေးတာမျိုးတွေကို အနည်းဆုံးတော့လုပ်ဖြစ်ကြတာဆိုတော့ တစ်ယောက်ချစ်တာကိုလည်း ကောင်းကောင်းသိရနိုင်တယ်လေ။

စိတ်သဘောထားကိုပိုမိုသိရှိလာခြင်း

စိတ်ထားချင်းတိုက်ဆိုင်လာမယ်လို့ ယုံကြည်လို့ရပါတယ်။ စားဖို့အတွက်အစားစာမှာတဲ့အခါမှာ နှစ်ယောက်သဘောတူ ညှိပြီးမှာရတာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းရတဲ့ကိစ္စတွေမှာ အခက်အခဲမရှိလာစေတော့ပါဘူး။ တစ်ယောက်ကြိုက်တာကို တစ်ယောက်ဦးစားပေးပြီး မှာပေးရင်းနဲ့ပဲ အချစ်တွေတိုးရောပေါ့။

ဒီလိုအရာလေးတွေက ကြည့်ရင်တော့ ဘာမှအရေးမပါဘူးလို့ထင်ရပေမယ့် တစ်ကယ်ချစ်ကြပြီး နားလည်မှုအပြည့်ရနေလို့ အဆင်ပြေနေကြတဲ့ ချစ်သူရည်းစားတွေ တော်တော်များများမှာ တွေ့ရတတ်နေတဲ့ အခြေခံအချက်လေးတွေပါ။ ဒီလိုအရေးကြီးတဲ့အရာလေးတွေက တစ်စတစ်စနဲ့အကျင့်ပါလာတဲ့အခါမှာတော့ လက်တွဲတွေထာဝရမြဲနိုင်မယ့် ချစ်စရာစုံတွဲလေးတွေဖြစ်လာတော့မှာပါ။