တစ်ကိုယ်ရေသန့်ရှင်းမှုဆိုတာ လူတိုင်းအတွက်အရမ်းကို အရေးကြီးတဲ့အရာပါ။ ခေါင်းကနေပြီး မကောင်းတဲ့အနံ့တွေ ထွက်နေတတ်တာမျိုးကလည်း သူများအထင်သေးချင်စရာ ဖြစ်နေတတ်တာပေါ့။ ခေါင်းပုံမှန်လျှော်နေလည်း အချိန်ခဏနဲ့အနံ့ဆိုးတွေ ထွက်နေတယ်ဆိုရင်တော့ မှားယွင်းမှုတွေရှိလို့ပဲ ဖြစ်ပါလိမ့်မယ်။

ဘီးကိုသန့်ရှင်းရေးလုပ်ပေးပါ

ပျိုမေတို့အသုံးပြုနေကျ ဘီးကိုသေချာသန့်ရှင်းရေးလုပ်ပေးနေမှ ဆံသားတွေကလည်း သန့်ရှင်းမှုရှိနေမှာပဲဖြစ်ပါတယ်။ ဘီးတွေညစ်ပတ်နေမယ်ဆိုရင် ဘယ်လောက်ပဲခေါင်းတွေလျှော်နေပါစေ အနံ့ဆိုးတွေကတော့ ထွက်နေမှာပဲဖြစ်ပါတယ်။

ခေါင်းလျှော်ရည်ရွေးချယ်မှု

အနံ့ဆိုးတွေခဏခဏဖြစ်နေပြီဆိုရင်တော့ အမွှေးရနံ့တွေပါတဲ့ ခေါင်းလျှော်ရည်ကိုသုံးပေးဖို့က အရေးကြီးပါတယ်။ အမွှေးနံ့ပြင်းတဲ့ခေါင်းလျှော်ရည်တွေက ဆံသားမှာကြာရှည်အနံ့စွဲနေတာကြောင့် ဆံသားအနံ့ဆိုးတွေကို ကင်းစင်စေမှာပဲဖြစ်ပါတယ်။

ခေါင်းအုံးစွပ်ကိုပုံမှန်လဲပေးပါ

Source: www.self.com

သင်အသုံးပြုနေတဲ့ ခေါင်းအုံးစွပ်ကလည်း အနံ့အသက်မကောင်းနေဘူးဆိုရင် သင့်ဆံသားတွေကိုလည်း မကောင်းတဲ့အနံ့သက်တွေ ထွက်လာစေနိုင်ပါတယ်။ ခေါင်းအုံးစွပ်တွေ၊ အိပ်ယာခင်းတွေဆိုတာ နှစ်ပတ်တစ်ခါလောက်ပုံမှန်လဲပေးနေသင့်ပါတယ်။ အနံ့အသက်မကောင်းတော့တဲ့ ခေါင်းအုံးစွပ်ပေါ်မှာ သင့်ဆံသားတွေက တစ်ညလုံးပွတ်တိုက်ပြီး ရှိနေမှာဆိုတော့ သတိလေးထားပြီး ပုံမှန်လဲပေးသင့်တယ်နော်။

တစ်ကိုယ်ရည်သန့်ရှင်းမှုကို အကျင့်ဖြစ်အောင်

တစ်ကိုယ်ရေသန့်ရှင်းမှုရှိဖို့ကို အကျင့်ဖြစ်အောင်လုပ်သင့်ပါတယ်။ ခေါင်းလျှော်မယ်ဆိုရင် တစ်ပတ်ကိုနှစ်ကြိမ်လောက် ပုံမှန်လျှော်တာမျိုးကိုလုပ်သင့်ပြီး ချွေးအရမ်းထွက်တဲ့နေ့တွေမှာဆိုရင်လည်း ခေါင်းလျှော်ပေးမှလည်း သန့်ရှင်းမှုရှိမှာပေါ့။

တကယ်တော့ ဆံသားလေးတွေကမွှေးကြိုင်ပြီး လှပနေမယ်ဆိုရင် စိတ်ကိုလည်းကြည်လင်လန်းဆန်းစေပြီး လှပတဲ့နေရက်လေးတွေကို ပိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ ဒီအပေါ်မှာဖော်ပြခဲ့တဲ့အချက်လေးတွေကို လိုက်နာမယ်ဆိုရင် သင့်ဆံသားတွေကနေ မကောင်းတဲ့အနံ့ထွက်နေတာတွေကို လျော့နည်းသွားစေနိုင်မှာပဲဖြစ်ပါတယ်။