လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုတဲ့အတိုင်းပဲ မိန်းကလေးများ ဒေါက်မြင့်စီးရခြင်းကို ကြိုက်နှစ်သက်ရခြင်း အကြောင်းအရင်း အမြောက်အမြား ရှိပါတယ်။ အကြောင်းအရင်းများထဲမှာမှ အများစုဖြေလေ့ရှိတဲ့ အချက် ၉ ချက်ကို ဖော်ပြပေးချင်ပါတယ်။

၁။ ခြေတံလေးတွေကို ရှည်တဲ့ပုံပေါ်အောင်လို့

ဂါဝန်အတို၊ စကပ်အတိုလေးတွေဝတ်ပြီး ဒေါက်ဖိနပ်စီးလိုက်မယ်ဆိုရင် ခြေတံရှည်စေတဲ့အသွင်ဆောင်ပြီး ဆွဲဆောင်မှုရှိစေလို့ပါ။

၂။ ယုံကြည်မှုရှိစေလို့

မိန်းကလေးအများစုက ဒေါက်စီးလိုက်တဲ့အခါ မိမိကိုယ်ကို ယုံကြည်မှုတိုးစေတယ်လို့ ယုံကြည်ကြပါတယ်။

၃။ ကွဲပြားတဲ့ ဖက်ရှင်စတိုင်လေးရရှိချင်လို့

ပွဲတက်အခမ်းအနားတွေမှာ ဒေါက်ဝတ်လို့လည်းရသလို ဂျင်းဘောင်းဘီကို တီရှပ်အင်္ကျီနဲ့ ဒေါက်မြင့်တွဲဖက်ဝတ်ဆင်လိုက်မယ်ဆိုရင်လည်း မတူညီတဲ့ ဖက်ရှင်စတိုင်ရရှိစေပါတယ်။

၄။ စတိုင်ကျချင်လို့

မိန်းကလေးအများစု ဒေါက်မြင့်စီးရခြင်း အဓိကရည်ရွယ်ချက်ကတော့ စတိုင်ကျလှပချင်လို့ပါ။

၅။ လုပ်ငန်းလိုအပ်ချက်အရ ဝတ်ဆင်ရခြင်း

ကုမ္ပဏီရဲ့ ကုန်ပစ္စည်းမိတ်ဆက်ပွဲ အခမ်းအနားတွေ တက်ရတဲ့အခါ၊ အလုပ်အတွက် အရေးကြီးတဲ့ တင်ဆက်မှုတွေ ပြုလုပ်ရတဲ့အခါ ဒေါက်မြင့်စီးခြင်းက ယုံကြည်ချက်ရှိစေတဲ့အပြင် ဖက်ရှင်လည်း ကျစေပါတယ်။

၆။ မှန်ကန်တဲ့ ကိုယ်နေဟန်ထားရရှိဖို့

ဒေါက်မြင့်စီးပေးခြင်းက ခါးမတ်စေပြီး တင်နဲ့ ရင်အနေအထားကိုလည်း မှန်ကန်အောင် ပြုလုပ်ပေးပါတယ်။

၇။ ပေါင်တံလေးတွေ သွယ်သွားစေလို့

ဒေါက်မြင့်စီးခြင်းက ပေါင်တံတွေကို သွယ်လျသွားတဲ့ ပုံပေါ်အောင် ပိုပြီးပိန်တဲ့ပုံပေါ်အောင် ပြုလုပ်ပေးပါတယ်။

၈။ ဆွဲဆောင်မှုရှိချင်လို့

ဒေါက်မြင့်စီးခြင်းက ဆွဲဆောင်မှုရှိအောင် ကူညီပေးတယ်လို့ မိန်းကလေးအများစုက ယုံကြည်ကြပါတယ်။ ပျိုမေလေးတို့ရေ အခုဆိုရင် ဒေါက်ဖိနပ်စီးရင် ခန္ဓာကိုယ်ကို ဘယ်လိုမျိုး လှပစေလဲဆိုတာ သိပြီဆိုတော့ ဒေါက်မြင့်အမျိုးအစားတွေ အများကြီးရှိတဲ့အနက် မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်ဝယ်ယူပြီး  စီးလိုက်ကြပါနော်။

Photo Source: Pinterest.com