စာဖတ်သူတို့ထဲမှာကော လက်သည်းကိုက်တတ်တဲ့သူတွေပါလားရှင့်။ ကလေးနဲ့ ဆယ်ကျော်သက်လူငယ် ထက်ဝက်လောက်ဟာ လက်သည်းကိုက် ကြပါတယ်။ ဒါ့ကြောင့်လည်း လက်သည်းအရှည်နှေးပါတယ်။ လူကြီးတစ်ယောက်ဖြစ်နေပေမယ့်လည်း လက်သည်းကိုက်တတ်မျိုး ဖြစ်တတ်ပါတယ်။

မိဘတွေကြောင့်ပါ။

သုတေသီတွေရဲ့ လေ့လာတွေ့ရှိချက်အရ မျိုးရိုးကြောင့်ဖြစ်ပါတယ်။ မိဘတွေက လက်သည်းကိုက်တတ်သူတွေဖြစ်ရင် ကလေးတွေလည်း လက်သည်းကိုက်တာမျိုးပါလာတတ်ပါတယ်။ ကလေးမမွေးခင်မှာ လက်သည်းကိုက်တဲ့အကျင့်ရပ်လိုက်ရင်တောင် ကလေးတွေမှာ အဲဒီအကျင့်ပါလာတတ်ပါတယ်။

စိတ်လှုပ်ရှားလို့ပါ။

စိတ်လှုပ်ရှားတာ (သို့) စိတ်ဖိစီးမှုကြောင့် လက်သည်းကိုက်တတ်ပါတယ်။ သင်စိတ်လှုပ်ရှားနေတာ စိုးရိမ်မကင်းဖြစ်နေတာ စိတ်ဓါတ်ကျနေတာမျိုးကို ထင်ဟပ်ပြသနေတာပါ။

ပျင်းလို့၊ ဗိုက်ဆာလို့ပါ။

တခါတလေ ရုပ်ရှင်ကြည့်ရင်းပျင်းနေရင် လက်သည်းကိုက်တာမျိုး။ တစ်ခါတလေမှာဘာမှမဟုတ်ဘဲပျင်းနေရင် လက်သည်းကိုက်တာမျိုး ဖြစ်တတ်ပါတယ်။ တခါတလေကျတော့လည်း ဗိုက်ဆာလို့ လက်သည်းကိုက်တာမျိုးရှိတတ်ပါတယ်။ လက်သည်းကိုက်တတ်တဲ့သူတွေဟာ လက်သည်းကိုက်မယ်လို့တောင် မတွေးဘဲ အလိုအလျောက်လက်သည်းကိုက်တတ်ပါတယ်။

အကျင့်ကို ဘယ်လိုဖျောက်မလဲ

လက်သည်းတိုတိုညှပ်ပါ။

ကိုယ်အရမ်းကြိုက်တဲ့ လက်သည်းနီဆိုးထားပါ။

လက်အိတ်ဝတ်ထားပါ။

ပါးစပ်ကို အမြဲအလုပ်ပေးထားပါ။