ရည်းစားဖြစ်ပြီးနောက်ပိုင်းမှာ ယောင်္ကျားလေးတွေဘက်က စကြိုက်တုန်းကနဲ့မတူတော့တာပဲ ပြောင်းလဲသွားတာမျိုး၊ အဖြေမရခင်တုန်းကလို မဟုတ်တော့ပဲ ပြောင်းလဲသွားတာမျိုးတွေကို ကြုံဖူးတဲ့သူတွေ တော်တော်များများရှိမှာပါ။ ဒီလို ရည်းစားဖြစ်ပြီးနောက်ပိုင်းမှာ ယောင်္ကျားလေးတွေ ဘက်က အများဆုံးပြောင်းလဲသွားတဲ့အရာတွေက တစ်ယောက်နဲ့တစ်ယောက် တူတူပါပဲ။

ရည်းစားဖြစ်ပြီး လပိုင်းလောက်ကြာသွားရင် ယောင်္ကျားလေးတွေဘက်က ကိုယ့်ကောင်မလေးအပေါ်ကို သိပ်ဂရုမစိုက်တော့ပါဘူး။ ရည်းစားမဖြစ်ခင်တုန်းက၊ ရည်းစားဖြစ်ခါစတုန်းက နေ့တိုင်း ဖုန်းတွေဆက်၊ ဘာလုပ်လုပ် အသေးစိတ်လိုက်ဂရုစိုက်ပြီးနေခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တစ်နေ့တစ်ခါတောင် ဖုန်းမဆက်တော့တာမျိုး၊ အရင်လောက် အသေးစိတ်လိုက်ပြီး ဂရုမစိုက်တော့တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

မိန်းကလေးဆိုတာမျိုးကလည်း အမြဲတမ်းဂရုစိုက်တာခံချင်ပေမယ့် နောက်ပိုင်း ကိုယ့်ချစ်သူဆီက ဂရုစိုက်မှုကို သိပ်မရတော့တဲ့အခါမှာတော့ ပြောင်းလဲသွားတယ်၊ ဂရုမစိုက်ဘူးဆိုတာမျိုးတွေနဲ့ ရစ်မယ်၊ ပြဿနာရှာမယ်။ ဒီလိုကနေ ခဏခဏစကားများရန်ဖြစ်တာမျိုးတွေ ဖြစ်လာတာပါပဲ။

ရည်းစားမဖြစ်ခင်နဲ့ ရည်းစားဖြစ်ခါစမှာတော့ ပြောစကားအကုန်နားထောင်ခဲ့ပေမယ့် ရည်းစားဖြစ်တာ လပိုင်းလောက်ကြာသွားတော့ စကားနားမထောင်တော့တာမျိုး၊ တစ်ခုခုလုပ်ချင်ရင် ပေးမလုပ်တဲ့အခါ လိမ်သွားတာမျိုး၊ လိမ်ပြီးလုပ်တာမျိုးတွေ ဖြစ်လာပါတယ်။ ဒါနဲ့ပဲ ပြန်သိတဲ့အခါ စကားများ ရန်ဖြစ်ကြရတာပဲ။ ဒါကြောင့် အစထဲက တစ်ယောက်နဲ့တစ်ယောက် ညှိုယူပြီး နားလည်မှုထားပေးဖို့ လိုပါတယ်။

တချို့ယောင်္ကျားလေးတွေကျတော့ ရည်းစားမဖြစ်ခင်နဲ့ ရည်းစားဖြစ်ခါစမှာ အရမ်းချုပ်ချယ်ပြီး လိုက်သဝန်တိုတတ်ကြတယ်။ ဒါပေမယ့် ရည်းစားဖြစ်တာ လပိုင်းလောက်လဲကြာလာရော အရင်လောက် လိုက်သဝန်မတိုတော့တာမျိုး၊ ကိုယ့်ကောင်မလေးအပေါ် စိတ်ဝင်စားမှု လျော့နည်းလာတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒီလိုတွေဖြစ်တာကို ကောင်မလေးဘက်က သူ့အပေါ် အရင်လိုမချစ်တော့ဘူးထင်ပြီး ရစ်တာ၊ ပြဿနာရှာတာမျိုးတွေ လုပ်တတ်သလို၊ အရွဲ့တိုက်တာမျိုးတွေလည်း လုပ်လာတတ်ပါတယ်။

မိန်းကလေးတွေက စစချင်းမှာဂရုစိုက်ပေး၊ ကောင်းပေးခဲ့ပြီး နောက်ပိုင်းမှာ ပြောင်းလဲသွားရင် အလိုမကျတွေဖြစ်၊ အတွေးတွေများပြီး Psycho ဝင်တတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်အနေနဲ့အဆုံးထိ မလုပ်ပေးနိုင်ရင် အစထဲက အကျင့်ဖြစ်သွားအောင် မလုပ်ခဲ့တာ အကောင်းဆုံးပါ။

photo source: www.pinterest.com