အချစ်ဆိုတာ ကံစမ်းမဲနှိုက်ရသလိုပါပဲ။ ကိုယ်ဘာကိုရမလဲ မသိရဘူးဆိုတဲ့အတိုင်း ပြောရမှာပါ။ ကိုယ်ရလိုက်တဲ့ အချစ်ဟာ ခါးသီးစရာ အိပ်မက်ဆိုးတွေ ဖြစ်ချင်လည်း ဖြစ်မယ်။ ပျော်ရွှင်ချိုမြိန်တဲ့ အချစ်ရေးလည်း ဖြစ်ချင်ဖြစ်မယ်။ တကယ်လို့ခါးသီးစရာဘဝနဲ့ ချစ်သူက ထားသွားခံရတဲ့ သူဆိုရင်တော့ ကိုယ်နဲ့အချစ်အကြားမှာ အကြောင်းတရားတစ်ချို့ အဆင်မပြေခဲ့ပုံပါပဲ။

(၁) ကိုယ်က သူ့ကို စိတ်အနှောင့်အယှက်ပေးလို့

ကိုယ့်မှာ သူ လုံးဝမကြိုက်တဲ့ အကျင့်ဆိုးကြီး တစ်ခုခု ရှိနေသလား။ ဥပမာ- ဂိမ်းကစားပြီဆိုရင် ထမင်းမေ့ဟင်းမေ့ ချစ်သူကို ပစ်ထားမိတာမျိုး ၊ စကားပြောရင် အနိုင်လိုစိတ်နဲ့ ပြောတတ်လို့လား။ အလိုက်ကမ်းဆိုး မသိဘဲ သူ့အလုပ်ချိန်မှာ ဖုန်းတွေ တဂွမ်ဂွမ်ဆက်တာမျိုးလား။

(၂) မျက်နှာများလို့လား

ဒါမျိုးကတော့ ဘယ်ရည်းစားကမှ ကြိုက်မှာ မဟုတ်ပါဘူး။ အတိတ်တစ်ခုမှာ ရည်းစားတွေ ထည်လဲတွဲခဲ့တယ်ဆိုရင်တော့ အခုချိန်မှာ ကိုယ့်ချစ်သူကလွဲပြီး ဘယ်သူ့ကိုမှ စိတ်မညွှတ်တာဟာ အကောင်းဆုံးပါ။

(၃) သူ့မှာတစ်ခြား စိတ်ဝင်စားရမယ့်သူ ရှိလို့လား

Relationship တစ်ခုဟာ တစ်ယောက်တစ်နေရာစီ အလှမ်းကွာနေချိန် ကိုယ်က သူ့ကိုအချိန်ပေးပြီး အမြဲ မတွေ့နိုင်ချိန်မှာ ရင်နာစရာတွေ ဖြစ်သွားတတ်ပါတယ်။ LDRS တွေအတွက် သစ္စာနဲ့သံယောဇဉ်တွေကပဲ အချစ်ရေးတည်မြဲဖို့ ကျားကန်ပေးနိုင်ပါတယ်။ တကယ်လို့ ချစ်သူနှစ်ဦးအကြား တတိယလူ ရောက်လာခဲ့ပြီဆိုရင်တော့ တစ်ယောက်ယောက်ကတော့ ချန်ထားခံရတော့မှာပါ။