လူရှေ့သူရှေ့မှာပဲဖြစ်ဖြစ် တစ်ယောက်တည်းပဲဖြစ်ဖြစ် ငိုတတ်တဲ့သူတွေဟာ အောင်မြင်တဲ့သူတွေဖြစ်ပါတယ်။ အမေရိကန်သမ္မတတွေဖြစ်ကြတဲ့ အိုဘားမား၊ ဂျော့ဝါရှင်တန်နဲ့ အာဗြာဟမ်လီကွန်း စတဲ့ ကမ္ဘာကျော် အောင်မြင်ကျော်ကြားသူတွေဟာလည်း လူထူရှေ့မှာ မျက်ရည်ကျကြပါတယ်။ စိတ်ပညာသဘောအရ မျက်ရည်ကျတတ်တဲ့သူတွေဟာ စိတ်ဓါတ်ကြံ့ခိုင်တဲ့သူတွေဖြစ်ပါတယ်တဲ့။ မျက်ရည်ကျတတ်တဲ့သူတွေမှာ ဘယ်လိုစိတ်နေသဘောထားတွေရှိတယ်ဆိုတာကို အနည်းကျဉ်းမျှဝေချင်ပါတယ်။

သင့်စိတ်ခံစားချက်ကို ဖော်ပြရမှာမကြောက်ဘူး။

သင့်စိတ်ထဲမှာ ဘယ်လိုခံစားနေရတယ်ဆိုတာကို ဖော်ပြတတ်တဲ့သူဖြစ်ပါတယ်။ စိတ်မကျေနပ်တာ စိတ်ဆိုးတာ ဒေါသထွက်နေတာပဲဖြစ်ဖြစ် သင့်စိတ်ခံစားချက်ကို ဖော်ပြတတ်တဲ့သူပါ။ ဒါပေမယ့်လည်း စိတ်ကိုထိန်းချုပ်တတ်တဲ့သူတွေလည်းဖြစ်ပါတယ်။

ပတ်ဝန်းကျင်ရဲ့ ထင်မြင်ယူဆချက်တွေကို သိပ်ဂရုမစိုက်ဘူး။

စိတ်ဓါတ်ကြံ့ခိုင်တဲ့သူတိုင်း ငိုတတ်ကြပါတယ်။ ငိုလိုက်လို့ အဖမ်းခံရမှာမဟုတ်သလို အသတ်ခံရမှာလည်းမဟုတ်ပါဘူး။ တစ်ချို့ကတော့ ယောင်္ကျားလေးတွေ ငိုရင် စိတ်ပျော့တယ်။ ယောင်္ကျားမပီသဘူးလို့ပြောကြပြီး မိန်းကလေးတွေငိုရင်တော့ ဒရမ်မာချိုးတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် ငိုတတ်တဲ့သူတွေဟာ အခုလို လူမှုပတ်ဝန်းကျင်က ပြောစကားတွေကို မကြောက်ရွံ့တဲ့သူတွေပါ။

ဦးဆောင်နိုင်တဲ့သူတွေဖြစ်တယ်။

ပွင့်ပွင့်လင်းလင်း မျက်ရည်ကျတတ်၊ ငိုတတ်တဲ့သူတွေဟာ သင့်ဘေးမှာရှိတဲ့သူတွေကို လက်တွဲခေါ်နိုင်ပါတယ်။ မျက်ရည်ရဲ့ အဓိပ္ပာယ်က မျှဝေခံစားကိုလည်း ပုံဆောင်ပါတယ်။ သင့်မိတ်ဆွေ သူငယ်ချင်းဆီက စိတ်မကောင်းစရာ သတင်းကြားရတဲ့အခါမှာလည်း မျက်ရည်ကျတတ်တာဟာ သင်ကိုယ်ချင်းစာတတ်လို့ သူတို့နဲ့အတူတူ မျှဝေခံစားတတ်လို့ဖြစ်ပါတယ်။

စိတ်ဖိစီးမှုတွေကို ထုတ်ပစ်တတ်တဲ့သူတွေပါ။

ငိုတတ်တဲ့သူတွေဟာ စိတ်ဖိစီးမှုတွေ ရှင်းထုတ်ပစ်တတ်ကြတဲ့သူတွေဖြစ်ပါတယ်။ မျက်ရည်ကျတာဟာ စိတ်ဖိစီးမှုကိုပြေပျောက်စေပြီး သင့်ကိုလည်း အသက်ပိုရှည်စေပါတယ်။ မျက်လုံးအတွက်လည်းကောင်းပါတယ်။