လူတိုင်းလူတိုင်းမှာ ကိုယ်အရမ်းချစ်ခဲ့ရတဲ့သူ အသက်တွေဘယ်လောက်ပဲကြီးကြီး မေ့လို့မရတဲ့သူတစ်ယောက်ကတော့ရှိကြစမြဲပါ။ အချစ်ဦးဆိုတာကလည်း နားလည်းတဲ့အရွယ်မှာ နူးညံ့တဲ့ခံစားမှုလေးတွေပေးတယ်၊ နွေးထွေးမှုတွေ ပေးခဲ့တဲ့သူမျိုးဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အချစ်ဦးနဲ့လမ်းခွဲလိုက်ရတယ်ဆိုပေမယ့် ရင်ထဲမှာတော့ အမြဲတော့အမှတ်တရရှိနေတာမျိုးပါ။ အချစ်ဦးနဲ့မမေ့နိုင်ခြင်း အကြောင်းအရင်တွေကလည်း ရှိတာကို၊   ပထမဆုံးငယ်ရွယ်တဲ့အရွယ်မှာ အချစ်ဆိုတဲ့ခံစားချက်လေးကို စပြီးသိခဲ့တဲ့အချိန်မျိုး ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ပါ။ အရင်တုန်းက သီချင်းလေးတွေ ပြန်နားထောင်မိရင်လည်း လွမ်းရတဲ့ဖီးကလည်း စိတ်ခံစားချက်ကို တစ်မျိုးလေးဖြစ်စေတာပေါ့။ အသည်းကွဲခြင်းကို ပထမဆုံးခံစားလိုက်ရတဲ့  အရွယ်လည်းဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ပါနော်။


အဖြူစင်ဆုံးဖြစ်ခဲ့ပြီး ချစ်နေရုံကလွဲပြီးဘာမှမသိနားလည်ခဲ့ဘူးပေါ့နော်။ အခုချိန်ထိလွမ်းပြီးသတိရနေရတာကလည်း သူနဲ့ပတ်သက်ခဲ့တဲ့ငယ်ဘဝကိုသတိရစေတယ်။ သူနဲ့ပျော်ခဲ့တဲ့ ငယ်ဘဝပုံရိပ်တွေကို ပြန်အမှတ်ရစေတယ်စသည်ဖြင့်ပေါ့နော်။ နေရာတစ်ခုခုရောက်သွားရင်လည်း သူနဲ့သွားခဲ့ဖူး ပျော်ခဲ့ဖူးလျှင်လည်း ပြန်ပြီးအမှတ်တရဖြစ်နေရတာမျိုးပါနော်။ လမ်းခွဲလိုက်တော့လည်း ငါမှာဘာအပြစ်တွေများရှိလို့လဲပေါ့။ မရင့်ကျင့်သေးတဲ့ အရွယ်တစ်ခုမှာ အချစ်နဲ့တွေ့ရတာကလည်း ကောင်းတာလည်းရှိသလို ဝမ်းနည်းစရာလည်း အများကြီးပါနော်။ သေချာတာတစ်ခုကတော့ အချစ်ဦးနဲ့လမ်းခွဲပြီးတဲ့သူတိုင်းက အချစ်ကိုယုံကြည်မှုတွေနည်းလာသလို ကိုယ့်ကိုကိုယ်လည်း ပြောင်းလဲပေးလိုက်နိုင်တာတွေအများကြီးပါ။


Photo Source – freepik