အခုနောက်ပိုင်းမှာတော့ Chubby Body Goal ရှိတဲ့သူတွေကလည်း အရင်ခေတ်တွေနဲ့မတူပဲ ဝတ်တတ်စားတတ်လာတာတွေရပါတယ်။ ဘယ်Body Type အမျိုးအစားမဆို သူခေတ်နဲ့အလုက်ဝတ်တတ်စားတတ်တဲ့အတွက် မိန်းကလေးတိုင်းလှလာကြပါတယ်။ ဝဝကစ်ကစ်လေးတွေပဲဖြစ်ဖြစ် Chubby Body လေးတွေပဲဖြစ်ဖြစ် ကိုယ့်ရွေးချယ်မဲ့အဝတ်အစားအရောင်ကလည်း အရေးကြီးတယ်နော်။ အရောင်ကြောင့် ပြောင်းလဲသွားတဲ့အမြင်တွေကလည်း ရှိတဲ့အတွက် ဘယ်လိုအရောင်မျိုးကို ရွေးချယ်ပြီး ဝတ်သင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။ ဒီလိုမျိုး Body Type ပိုင်ရှင်တွေက အမဲရောင်ကို ပိုပြီး​ဝတ်ဆင်သင့်ပါတယ်။ အမဲရောင်ကို ဘာလို့ရွေးချယ်စေချင်လဲဆိုရင် အထာကျပြီး ကိုယ့် Body Shape ကိုပိုပြီးလှစေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

အမဲရောင် T shirt တွေက Street Style လိုမျိုးဖြစ်စေတဲ့အတွက် ပေါ့ပေါ့ပါးပါးလေးဖြစ်စေပါတယ်။ Jean Pants တွေကလည်း ကိုယ်ကြိုက်တဲ့Pants မျိုးနဲ့လိုက်ဖက်နေတဲ့အတွက် အထာလည်းကျသွားပါလိမ့်မယ်။ လူငယ်ဆန်တဲ့ဖက်ရှင်မျိုး ဖြစ်တဲ့အတွက် အောက်ကဖိနပ်ကိုတော့ Sneaker နဲ့ပဲစီးစီး Heel တွေနဲ့ပဲစီးစီးလိုက်ဖက်ပါတယ်နော်။ တစ်ချို့မိန်းကလေးတွေက Black Dress ကိုမဝတ်ရဲတာမျိုးတို့ ကြောင်တောင်တောင်ဖြစ်တယ်ဆိုပြီး ဝတ်လေ့ဝတ်ထမရှိကြပါဘူး။ တကယ်တော့ အမဲရောင် Body Dresses လေးတွေက ခန္ဓာကိုယ်ကိုပိုပြီးလှစေပါတယ်။ ခါးသေးသလိုရှိသွားပြီးတော့ Classic လည်းဖြစ်ပါတယ်။ Dinner သွားတာမျိုးဖြစ်ဖြစ် ပွဲတက်တာပဲဖြစ်ဖြစ်ဝတ်သွားလို့ လိုက်ဖက်ပါတယ်။

အခုနောက်ပိုင်း ခေတ်စားလာတဲ့ ဖက်ရှင်လေးတစ်ခုက ဖဲသား၊ ပိုးသား လက်တစ်လုံးကြိုး ဂါဝန်လေးတွေကိုအပြင်ကတစ်ထပ်ခံပြီး ဝတ်တာမျိုးလည်း အရမ်းကိုခေတ်စားလာပါတယ်။ ဖိနပ်ကိုတော့ Boost နဲ့ပဲစီးစီး Sneaker လေးတွေနဲ့ပဲတွဲစီးစီးလိုက်ဖက် နေပါသေးတယ်နော်။

Photo Source – Pinterest