ချစ်သူရည်းစားထားမယ်လို့ ဆုံးဖြတ်ထားပြီး ကိုယ့်ကိုလိုက်နေတဲ့ ကောင်လေးတွေထဲက ဘယ်သူ့ကိုရွေးလို့ ရွေးရမှန်း မသိဘူးဖြစ်နေလား။ ရွေးချယ်စရာတွေများရင်လည်း အတွေးများသွားတတ်ကြပါတယ်၊၊ ဒီလိုဆိုရင် မင်မင်ကတော့ ပျော်ပျော်နေတတ်ပြီး ဟာသဉာဏ်ရှိတဲ့ ကောင်လေးမျိုးကိုရွေးချယ်ဖို့  အကြံပေးချင်ပါတယ်။ ဘာလိုရွေးချယ်သင့်လဲဆိုတာကို သင့်ကိုဒီအချက်လေးတွေကတစ်ဆင့် အထောက်အကူပြုစေမှာပါနော်။

ပျော်ရွှင်စရာတွေမျှဝေတတ်တယ်

ကိုယ်ကိုယ်တိုင်ပျော်ရွှင်နေတဲ့ သူတစ်ယောက်က တစ်ပါးသူကိုလည်း ပျော်စရာတွေဝေမျှနိုင်တဲ့အကျင့်လေးရှိပါတယ်။ စိတ်အကြည်ဓာတ်ဆိုတာကလည်း ကူးစက်တတ်တဲ့အရာမျိုးဖြစ်တဲ့အတွက် သင့်ကိုပျော်ရွှင်စေတဲ့အရာတွေပေးနိုင်မှာ အမှန်ပါနော်။

စိတ်လှုပ်ရှားစေတယ်

တစ်ခါတစ်ရံ ကိုယ်မထင်မှတ်ထားတဲ့အရာလေးတွေကို သူကဟာသလုပ်ပြီး ကြည်နူးရတဲ့အခြေအနေမျိုးပေါ့။ ဒီအချက်တွေက စိတ်လှုပ်ရှားစရာလည်းကောင်းသလို စိတ်လည်းပေါ့ပါးစေနိုင်ပါတယ်။

ဆွဲဆောင်မှုရှိတယ်

သူက ကိုယ့်ကိုပျော်အောင် စိတ်ချမ်းသာအောင်ထားနိုင်တယ်ဆိုကတည်းက ဒီလူနဲ့ကိုယ်က တော်တော်လေးနီးစပ်နေပြီလို့ပြောလို့ရပါတယ်။ သူဘယ်အချိန်မှာ ကိုယ့်ကိုလိုက်စမယ်၊ အရွှန်းထဖောက်မလဲဆိုတာကလည်း စိတ်၀င်စားစရာကောင်းပါတယ်နော်။

စိတ်ပေါ့ပါးစေတယ်

ပျော်ပျော်နေတတ်တဲ့ကောင်လေးတွေက ဟန်ဆောင်မှုလည်းတော်တော်လေးကင်းပါတယ်။ သူကိုယ်တိုင်က အဲ့လိုမျိုးဆိုတော့ သူပတ်၀န်းကျင်မှာရှိတဲ့သူကိုတော့ ၀န်ထုပ်၀န်ပိုးမဖြစ်စေမှာအမှန်ပါနော်။

Photo Source – Pinterest