စိတ်ရောဂါကုထုံးပညာရှင်ကြီး Ginnie Love Thompson ရဲ့ပြောကြားချက်အရ Relationship တိုင်းမှာ အဆိပ်အတောက်လေးတွေ အနည်းနဲ့အများတော့ ရှိတတ်ကြပါတယ်။ ဘဝမှာလည်း အနိမ့်အမြင့် အတက်အကျရှိနိုင်သလို Relationship တစ်ခုမှာလည်း အနိမ့်အမြင့်အတက်အကျ ခံစားချက်များရှိခြင်းသည်လည်း ပုံမှန်ပါပဲ။ ဘယ်အချိန်မှာ လမ်းခွဲရမလဲဆိုတာ သိဖို့က အရေးကြီးဆုံးပါပဲ။ လမ်းခွဲခြင်းသည် လူတိုင်းအတွက်တော့ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ အချို့ကလည်း အဆိပ်အတောက်များနဲ့ ပြည့်နှက်နေတဲ့ သမီးရည်းစားဆက်ဆံရေးထဲမှာ ရုန်းမထွက်နိုင်ဘဲ လုံးဝကို ပိတ်မိနေတတ်ကြပါတယ်။ သူတို့တွေ ဘာ့ကြောင့် ရုန်းမထွက်နိုင်သလဲဆိုတော့ …

တစ်ယောက်တည်း အထီးကျန်နေရမှာကို ကြောက်လို့

လေ့လာတွေ့ရှိချက်တစ်ခုအရ လူသားတွေဟာ တစ်ယောက်တည်းဖြစ်ပြီး အထီးကျန်နေရမှာကိုကြောက်လို့ အဆိပ်အတောက်များနဲ့ ပြည့်နေတဲ့ သမီးရည်းစားဆက်ဆံရေးတစ်ခုကနေ ရုန်းမထွက်နိုင်ဘူးလို့ လေ့လာတွေ့ရှိရပါတယ်။ ထိုသူတွေဟာ အထီးကျန်မှုအစား အဆိပ်အတောက် Relationship ကိုသာ ရွေးချယ်လေ့ရှိကြပါတယ်။

မိမိကိုယ်ကိုယ် ယုံကြည်ချက်မရှိခြင်း

လေ့လာတွေ့ရှိချက်များအရ မိမိကိုယ်ကိုယ် ယုံကြည်ချက်နည်းသူတွေဟာ Unhealthy Relationship မျိုးကနေ ရုန်းမထွက်နိုင်ကြပါဘူး။ မိမိကိုယ်ကိုယ် ယုံကြည်ချက်မရှိတဲ့အတွက်ကြောင့် မိမိရဲ့ချစ်သူရည်းစားက ဘယ်လောက်ပဲ နာကျင်မှုတွေနဲ့ ထိုးနှက်နေပါစေ ကျေကျေနပ်နပ်နဲ့ကို ခံယူတတ်ကြပါတယ်။

ကိုယ့်ချစ်သူရည်းစားရဲ့အကျင့်စရိုက်များ ပြောင်းလဲသွားလိမ့်မယ်လို့ ယုံကြည်နေခြင်း

ကိုယ့်ရဲ့ချစ်သူရည်းစားက ကိုယ့်ကိုချစ်တဲ့အတွက်ကြောင့် သူ့ရဲ့အမူအကျင့်များ တဖြည်းဖြည်းပြောင်းလဲသွားလိမ့်မယ်လို့ ယုံကြည်တတ်ကြပါတယ်။ ထိုယုံကြည်ချက်ဟာ လွဲမှားနေတဲ့ ယုံကြည်ချက်တစ်ခုပဲဖြစ်ပါတယ်။ သူသာ သင့်ကို တကယ်ချစ်တယ်ဆိုရင် အစကတည်းက ထိုအပြုအမူမျိုး ပြုလုပ်မှာမဟုတ်ပါဘူး။

ငြင်းပယ်ခံရမှာ ကြောက်ရွံ့လို့

ငြင်းပယ်ခံရမှာ ကြောက်ရွံ့သူတွေဟာ ကိုယ့်ရဲ့ခံစားချက်များ၊ အတွေးများကို မဖော်ပြတတ်ကြဘဲ ကိုယ့်ကိုယ်ကိုယ်ထက် အခြားသူရဲ့အတွေ့အမြင်၊ ခံစားချက်များကိုသာ ဦးစားပေးလေ့ရှိကြပါတယ်။ အခြားသူက ကိုယ့်ကို မချစ်တော့မှာ လက်မခံတော့မှာ ငြင်းပယ်လိုက်မှာကို ကြောက်ရွံ့ကြပြီး ထိုအဆိပ်အတောက်များနှင့် ပြည့်နှက်နေတဲ့ Relationship ထဲမှာသာ ပိတ်မိနေတတ်ကြပါတယ်။

သင်ရော အဆိပ်အတောက်များနဲ့ ပြည့်နှက်နေတဲ့ Relationship ထဲမှာ ပိတ်မိနေမိပြီလား။

ကိုယ့်ဘဝအတွက် မကောင်းမှန်းသိတဲ့အခါ ထိုကျော့ကွင်းထဲကနေ သတ္တိမွေးပြီး ရုန်းထွက်ဖို့ လိုပါလိမ့်မယ်။

Source: Brightside.me