ကိုယ်ခန္ဓာကိုယ်မှာ အဆီတွေက ထင်ထားတာထက်များနေပြီလား ။ အဆီတွေက ဝမ်းဗိုက်မှာပဲစုထားများပြီး ကိုယ့်ရဲ့နေထိုင်မှုပုံစံက အဆီတွေစုနိုင်တဲ့ အနေထားမျိုးဆိုရင်တော့ သင်ပြင်ဆင်ဖို့လိုအပ်နေပြီနော်။ အဆီတွေများခြင်းကို ဘယ်သူမှမကြိုက်ပါဘူး။ ခန္ဓာကိုယ်အလှအပအတွက်လည်း ကြည့်ရတာအဆင်မပြေသလို ကျန်းမာရေးအတွက်လည်း လုံးဝမသင့်တော်ပါဘူးနော်။ ကဲ့ဒီလိုဆို အဆီတွေများခြင်း အကြောင်းအရင်းက ဘာကြောင့်ဖြစ်မလဲ ။

အချိုဓာတ်များခြင်း 


သကြားဓာတ် အချိုဓာတ်က အဆီတွေတက်ခြင်းရဲ့ အဓိကအကြောင်းအရင်း ဖြစ်ပါတယ်။ တစ်ချို့သူတွေက အချိုဓာတ်ပါတဲ့ Snack တွေအလွန်အကြူးစားတာ၊ ဗိုက်ပြည့်စေတဲ့အစားစားတွေ မဟုတ်ပဲနဲ့ အာဟာရမပြည့်ဝတဲ့ အသင့်စားမုန့်တွေ စားများရင်လည်း အဆီတွေထွက်လာတတ်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း


ရုံးဝန်ထမ်းတော်တော်များများက တစ်နေကုန် ကွန်ပျူတာရှေ့မှာပဲ အချိန်တွေကုန်နေကြာတာများပါတယ်။ အဲ့လိုမျိုးလူတွေက စားသမျှအဆီတွေက ဝမ်းဗိုက်မှာ စုဖို့ပိုမိုလွယ်ကူးပြီး အလုပ်တွေပြီးသွားရင်လည်း လေ့ကျင့်ခန်းလေးမလုပ်ပေးရင် ကြာလာရင်ကယ်လိုရီတွေများပြီး ခန္ဓာကိုယ်အတွက် ဆိုးကျိုးများ ဖြစ်လာနိုင်ပါတယ်။

ညစာနောက်ကျခြင်း


အိပ်ခါနီးအချိန်တွေမှာ အစားစားခြင်းအားဖြင့် ဇီဝဖြစ်စဥ်တွေက နှေးကွေးလာနိုင်တဲ့အတွက် အစာခြေစနစ်ကို ကောင်းမွန်စာမပြုလုပ်ပေးနိုင်တော့ ပါဘူး။ ညသန်ခေါင်အချိန်တွေမှာ စားခြင်းကိုလည်း လုံးဝရှောင်သင့်ပါတယ်နော်။

Photo Source – Free.pik