ပထမဆုံး ဘာလို့ ကောင်လေးမရသေးတာလဲဆိုတော့ Single ဘဝမှာ ပျော်နေလို့ပါ။ သင်က အမှီအခိုကင်းတာကို သဘောကျပြီး လွတ်လွတ်လပ်လပ်နေတတ်သူပါ။ ဒါပေမဲ့ တစ်ခါတလေ အားကျစရာအတွဲတွေကိုမြင်ပြီး ငါဘာလို့ ဒီအချိန်ထိ ဘဲမရသေးတာလဲဆိုတဲ့ အတွေးမျိုးလည်းဝင်တတ်ပါသေးတယ်။ ဒါကြောင့် ဒီအကြောင်းအရာမှာတော့ သင်ဘာလို့ရည်းစားမရသေးတာလဲဆိုတဲ့ အချက်တွေကို ပြောပြထားပါတယ်။

၁။ သင့်စိတ်က အဆင်သင့်မဖြစ်သေးဘူး

အရင်က ရည်းစားကို မမေ့သေးတာကြောင့် ဒါမှမဟုတ် အရင်လူတွေကို ခွင့်လွတ်လို့မရသေးတာကြောင့် အဆင်သင့်မဖြစ်သေးတာပါ။ အခုတွေ့တဲ့ကောင်လေးကို အရင်ကောင်လေးနဲ့ နှိုင်းယှဉ်တတ်တဲ့အတွေးရှိတတ်ပါတယ်။

၂။ ဒိတ်လုပ်ရတာ ဝါသနာမပါဘူး

သင်က ကောင်လေးနဲ့ ဒိတ်လုပ်တဲ့အချိန် ကုန်တတ်တဲ့ကုန်ကျစရိတ်တွေကို ကြိုတွက်တတ်ပါတယ်။ ပိုက်ဆံမရှိသေးဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ရည်းစားထားဖို့ နောက်ဆုတ်တတ်ကြပါတယ်။


၃။ ဂျီးများတယ်

သင့်မှာ စံတွေအများကြီးရှိပါတယ်။ ကြည့်ကောင်းရမယ်၊ လုပ်ငန်းအတည်တကျရှိရမယ် စသဖြင့် စံတွေများနေလို့ပါ။


၄။ မျှော်လင့်ချက်မရှိတော့ဘူး

အရင်က အတိတ်ဆိုး ဒဏ်ရာတွေကြောင့် အချစ်ကို မယုံတော့တာပါ။


၅။ သင်က အရှက်အကြောက်ကြီးတယ်

တခါတလေ ကောင်လေးတစ်ယောက်ကို ဆွဲဆောင်တဲ့အခါ ကိုယ့်ဘက်က လှုပ်ရှားရပါတယ်။ ရေလာမြောင်းပေးလုပ်ရတာပါ။ ဒါပေမဲ့ သင့်ဘက်က အမြဲရေခဲတုံးကြီးလို ဖြစ်နေတတ်ပြီး အရှက်ကြီးနေတတ်ပါတယ်။


၆။ သင့်ရဲ့ လက်ရှိအနေအထားကို ပျော်တယ်

သင်က အခုပိုင်ဆိုင်ထားတဲ့အရာတွေနဲ့ ကျေနပ်ပါတယ်။ ဒါကြောင့်လည်း ရည်းစားထားဖို့ မကြိုးစားတာပါ။

ဒီအချက်တွေကတော့ အခုထိ Single ပဲ ဖြစ်နေသေးတဲ့ မိန်းကလေးတွေအတွက်ပါ။ သင်နဲ့ ဘယ်နှစ်ချက်တူနေလဲ ပြောခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar