ဘဝရဲ့ အချိန်တော်တော်များများကို တစ်ယောက်တည်းဖြတ်သန်းနေရလို့ နေသားကျနေပြီလား။ တစ်ယောက်တည်းနေခြင်းက အရသာတွေသွားပြီဆိုရင် နှစ်ယောက်ဖြစ်လာရင် စိတ်ရှုပ်စရာတွေဖြစ်လာတတ်ပါတယ်နော်။ Single ဖြစ်နေတာက တစ်ချို့နေရာလေးတွေမှာတော့ အားသာချက်တွေလည်း ရှိနေသလို တစ်ချို့နေရာတွေမှာလည်း အားနည်းချက်တွေရှိနေတတ်ပါတယ်။ တစ်ယောက်တည်းနေရလို့ ဘဝကြီးကိုစိတ်ကုန်နေတာလားဆိုတော့လည်း မဟုတ်ပါဘူး။ Single Life မှာပဲ တစ်ယောက်တည်း ခရီးတွေသွားတယ်၊ ကိုယ်ဝါသနာပါတာတွေ ပိုလုပ်ပေးဖြစ်တယ်၊ ကိုယ့်အတွက်ကိုယ် အချိန်တွေ ပိုပေးဖြစ်လာတယ်။

Single Life မှာပျော်သွားစေတဲ့ အတိတ်ကနာကျင်ခြင်းတွေကလည်း ရှိနေတတ်တာကြပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေပါ။ အထူးသဖြင့် အရမ်းချစ်တတ်တဲ့လူတွေက Single ဖြစ်သွားကြတာများပါတယ်။ ဘာလို့လည်းဆိုရင် သူတို့ကလူတစ်ယောက်ကိုချစ်လို့ ပေးဆပ်ရတာတွေများပြီး တကယ်တမ်းသူတို့ပြန်ရလိုက်တာက နာကျင်မှုတွေပဲ ဖြစ်သွားတတ်ကြပါတယ်။ နောက်ပိုင်းကျတော့ အချစ်ကိုယုံကြည်မှုတွေ လျော့နည်းလာသလို ချစ်ရမှာလည်း ကြောက်သွားတတ်ကြပါတယ်။ သူတို့က Single Life ကနေသားကျအောင်လည်း ကြိုးစားပြီးနေတတ်သွားတတ်ကြပါတယ်။ အဓိကက ကိုယ့်ဘဝကိုယ် ပိုချစ်တတ်တဲ့သူတွေဖြစ်သွားတတ်ကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့နှလုံးသားကတော့ ကြင်နာတတ်ကြပါတယ်နော်။

Photo Source – Free.pik