မိန်းကလေးတွေအတွက် တီရှပ်အဖြူလေးတွေနဲ့ ပေါ့ပါးမှုရှိပြီး စတိုင်လ်ကျနေစေမယ့် ဖက်ရှင်အိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။ တီရှပ်အဖြူလေးတွေက ဘယ်လိုရာသီဥတုမျိုးနဲ့မဆို လိုက်ဖက်ပြီး တော်တော်များများနဲ့လည်း လိုက်ဖက်တာကြောင့် ရှိထားသင့်ပါတယ်။

တီရှပ်အဖြူလေးတွေကို ဂျင်းဘောင်းဘီအရှည် အပွတွေနဲ့ တွဲဝတ်တာက အခုနောက်ပိုင်းမှာ ခေတ်စားလာတဲ့ဖက်ရှင်ဖြစ်ပြီး စတိုင်လ်ကျစေပါတယ်။

တီရှပ်အဖြူလေးတွေကို ရိုးရိုးဂျင်းဘောင်းဘီလေးတွေနဲ့ တွဲဝတ်ရင်လည်း simple look လေးနဲ့ စတိုင်လ်ကျစေပါတယ်။

တီရှပ်အဖြူလေးတွေကို pants အရှည် အပွလေးတွေနဲ့ တွဲဝတ်တာလည်း ဖက်ရှင်ကျပြီး ချစ်ဖို့ကောင်းပါတယ်။ တီရှပ်အဖြူလေးတွေနဲ့ တွဲဝတ်မယ်ဆိုရင် အရောင်နုတာလေးတွေကိုသာ ရွေးဝတ်ပါ။

Biker pants လေးတွေကို တီရှပ်အဖြူအပွတွေနဲ့ တွဲဝတ်ပြီး sneakers စီးလိုက်ရင် အထာကျပြီး အရမ်းမိုက်ပါတယ်။

တီရှပ်အဖြူအပွလေးတွေကို စကပ်အတိုလေးတွေနဲ့ တွဲဝတ်ပြီး အထဲထည့်မဝတ်ပဲ အင်္ကျီကို ဒီလိုလေးအပြင်ထုတ်ဝတ်တာက ပေါ့ပါးတဲ့ပုံစံလေးနဲ့ ပိုချစ်ဖို့ကောင်းပါတယ်။ ဒီလိုဖက်ရှင်လေးတွေဝတ်ရင်တော့ sneakers လေးတွေပဲစီးပါ။

တီရှပ်အဖြူလေးတွေကို ဒီလိုဘောင်းဘီအတိုလေးတွေနဲ့ တွဲဝတ်လိုက်ရင် ချစ်ဖို့ကောင်းပါတယ်။ ဝတ်ရတာလည်း အရမ်းပေါ့ပါးမှုရှိစေမယ့် ဖက်ရှင်ပါပဲ။

တီရှပ်အဖြူလေးတွေကို ဒီလိုဘိုဆန်တဲ့အရောင်လေးတွေနဲ့ တွဲဝတ်လိုက်ရင် အရမ်းချစ်ဖို့ကောင်းပါတယ်။

တီရှပ်အဖြူကို ဘောင်းဘီအဖြူနဲ့ တွဲဝတ်လိုက်ရင်တော့ လုံးဝကိုသန့်ပြီး simple look လေးနဲ့ စတိုင်လ်ကျပြီး ချစ်ဖို့ကောင်းနေမှာ သေချာပါတယ်။

Photo source:www.pinterest.com