ဂျင်းဘောင်းဘီက ပေါ့ပေါ့ပါးပါးနဲ့ လွတ်လွတ်လပ်လပ် ဝတ်ဆင်နိုင်တဲ့အတွက်ကြောင့် ယောကျာ်း၊ မိန်းမ မရွေး ကြိုက်နှစ်သက်ကြတဲ့ ဖက်ရှင်တစ်မျိုးပဲဖြစ်ပါတယ်။ စတိုင်လ်ကျတဲ့အပြင် အကြမ်းခံတဲ့အတွက် ယနေ့ခေတ်အချိန်မှာ အားလုံးရဲ့ ရွေးချယ်မှုက ဂျင်းဘောင်းဘီမှ ဂျင်းဘောင်းဘီဖြစ်နေကြတာပါ။

အခြားအားသာချက်တစ်ခုကတော့ ဂျင်းဘောင်းဘီက ခဏ ခဏ လျှော်ဖွပ်စရာမလိုတဲ့အချက်ပါပဲ။ တစ်ခါဝတ်ပြီးတိုင်း တစ်ခါလျှော်မယ်ဆိုရင် ဘောင်းဘီအရောင်ကျသွားပြီး ဟောင်းနွမ်းလွယ်တတ်ပါတယ်။ ဒါ့ကြောင့် ဂျင်းဘောင်းဘီကို အမြဲတမ်း လျှော်ဖွပ်စရာမလိုဘဲ ၅ လ၊ ၆ လ နေမှ တစ်ခါ လျှော်ရပါမယ်။ တကယ်လို့ ဂျင်းဘောင်းဘီက ချွေးနံ့နဲ့ ရောပြီး အနံ့အသက်မကောင်းသလိုဖြစ်နေခဲ့ရင် ဘောင်းဘီကို ပြောင်းပြန်လှန်ပြီး နေထုတ်လှန်းပေးရမှာပါ။

ပေါ့ပါးလွတ်လပ်ပြီး စတိုင်လ်ကျတဲ့ ဂျင်းဘောင်းဘီနဲ့ အလိုက်ဖက်ဆုံးအရောင်ကတော့ အဖြူရောင်ပဲဖြစ်ပါတယ်။ ဂျင်းဘောင်းဘီကို အင်္ကျီအဖြူရောင်လေးနဲ့ တွဲဖက်ဝတ်ဆင်လိုက်မယ်ဆိုရင် ရှင်းသန့်တောက်ပြောင်တဲ့ ဖက်ရှင်စတိုင်လ်လေးကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။ နွေရာသီက ပူအိုက်တဲ့အတွက်ကြောင့် အပူစုပ်တဲ့ အင်္ကျီအမဲနဲ့ အရောင်ရင့်တဲ့အင်္ကျီတွေထက်စာရင် အဖြူရောင်၊ ဒါမှမဟုတ် အရောင်နုအင်္ကျီလေးတွေကို ဦးစားပေးရွေးချယ်သင့်ပါတယ်။

ပျိုမေလေးတို့လည်း အင်္ကျီအဖြူနဲ့ ဂျင်းဘောင်းဘီကို တွဲဖက်ဝတ်ဆင်ပြီး အလန်းစားစတိုင်လ်ကို ပိုင်ဆိုင်နိုင်ဖို့အတွက် အမိုက်စားဖက်ရှင်လေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။



ဂျင်းဘောင်းဘီအရှည်ဝတ်ရတာ အရမ်းပူအိုက်တယ်လို့ ခံစားရတယ်ဆိုရင် ဂျင်းဘောင်းဘီတိုလေးနဲ့ စတိုင်လ်ကျနိုင်ပါသေးတယ်။ ဒါပေမဲ့ ဘောင်းဘီအတိုဖြစ်တဲ့အတွက်ကြောင့် နေလောင်ကာခရင်မ်တော့ မဖြစ်မနေလိမ်းပေးဖို့ လိုပါတယ်။ နို့မဟုတ်ရင် နေလောင်ဒဏ်ကြောင့် အသားအရေ ပျက်စီးတတ်လို့ပါပဲ။

အခုဖော်ပြပေးသွားတဲ့ ဂျင်းဘောင်းဘီဖက်ရှင်လေးတွေကို ပျိုမေတို့အားလုံးသဘောကျလိမ့်မယ်လို့ မျှော်လင့်မိပါတယ်နော်။

Photo Source: Pinterest