အဖြူရောင် လက်သည်းစတိုင်က မလှဘူး ထင်ရနိုင်ပေမယ့် ဆိုးလိုက်တဲ့အချိန်မှာတော့ ပျိုမေတိုင်း လိုလိုနဲ့ လိုက်ဖက်ပြီး အင်္ကျီစတိုင်မျိုးစုံနဲ့လည်း Slay နိုင်တဲ့ အရောင် ဖြစ်ပါတယ်​။ ဒီတစ်ခေါက်မှာတော့ အဖြူရောင် လက်သည်းစတိုင်ကိုမှ ပုံစံအမျိုးမျိုး ဆိုးနိုင်ဖို့ လက်သည်းနီ ဒီဇိုင်းမျိုးစုံကို ဖော်ပြပါရစေ။

၁။ အဖြူနဲ့ Glitter လေးတွေ ပေါင်းစပ်မယ်

အဖြူရောင် ကြည်ကြည်လေးနဲ့အတူ Glitter ပုံစံတွေ ဆိုးထားတဲ့ စတိုင်က Galaxy ထဲ ရောက်သွားသလို ခံစားရစေနိုင်ပါတယ်။

၂။ အလက်အလက်လေးတွေ ထည့်မယ်

ငယ်စဉ်က ဂေါ်လီလုံးတွေထဲမှာ ဒီလို အရောင်လေး တွေပါရင် ပျိုမေတို့ အမှတ်တရ သိမ်းဖူးမှာပါ။ ဒီပုံစံနဲ့ ဆင်တူတဲ့ အဖြူရောင် စတိုင်လေး ဖြစ်ပါတယ်။ ဒါကိုမှ အလက်အလက်လေးတွေ ထည့်နိုင်ပါတယ်။

၃။ အဖြူနဲ့ ပန်းရောင်အဖျော့

ပန်းရောင်အဖျော့ကို အဖြူနဲ့ တွဲနိုင်ပြီး Glitter လေးတွေပါ ထည့်ရင် ပိုထူးခြားသွားပါလိမ့်မယ်။

၄။ အဖြူနဲ့ အပွင့်လေးတွေ

အဖြူရောင် လက်သည်းနီစတိုင်ကို ကိုယ် ဖန်တီးတတ်ရင် ဖန်တီးတတ်သလို ပန်းပွင့်အကြီးအသေး တွဲဖက်နိုင်ပါတယ်။

၅။ အဖြူရောင်နဲ့ ရွှေရောင်

Elegant ဆန်ဆန် လှချင်တယ်ဆိုရင်တော့ ဒီပုံစံလေး ဆိုးနိုင်ပါတယ်။

၆။ အရောင်လေးတွေ စီးဆင်းလာတဲ့ စတိုင်

အဖြူရောင်ဆိုးထားတဲ့ ဆေးရောင် စီးဆင်းလာတဲ့ စတိုင်လေး ရအောင် ဆိုးနိုင်ပါသေးတယ်။

၇။ French Nail Style

အဖြူရောင်က French Nail Style ပုံဖော်မယ်ဆိုရင် အလှဆုံး ဖြစ်ပါလိမ့်မယ်။

၈။ အကွက်လေးတွေ ဖော်မယ်

အဖြူရောင်ကိုမှ French Nail Style နဲ့အတူ အကွက်ပုံစံလေးတွေ ရအောင် ပုံဖော်နိုင်ပါသေးတယ်။

၉။ အတုံးအတုံးလေးတွေ ထည့်မယ်

ဒီ အဖြူရောင် လက်သည်းဒီဇိုင်းလေးက အသည်းယားစရာ စတိုင်လေးပါ။

၁၀။ ပုလဲလုံးလေးတွေ ထည့်မယ်

အဖြူရောင် လက်သည်းစတိုင်ကို ပုလဲလေးတွေ လှလှလေး ဖန်တီးနိုင်ပါတယ်။

၁၁။ အစိမ်းနဲ့တွဲမယ်

လက်သည်းအဖြူရောင်နဲ့ လိုက်ဖက်တဲ့ နောက်တစ်ရောင်ကတော့ အစိမ်းရောင်ပါ​။

၁၂။ ဘာပုံမှမဖော်တဲ့ အဖြူရောင် စတိုင်

ဒီစတိုင်က ဆိုးရတာ မခက်ခဲသလို ပျိုမေတိုင်းနဲ့ လိုက်ဖက်မယ့် ပုံစံပါ။

Photo Source: Pinterest

By MyStyle Myanmar