နွေရာသီမှာဆိုရင် အဖြူရောင်လေးတွေ၊ ချည်ထည်လေးတွေ ဝတ်တာကတော့ အကောင်းဆုံးပါပဲ။ အပူဒဏ်သက်သာတဲ့ အဝတ်အစားဖြစ်မှလည်း နေရတာသက်တောင့်သက်သာရှိပြီး စိတ်ရှုပ်တာမျိုးလည်း မဖြစ်စေမှာပါ။ ဒါကြောင့် နွေရာသီအတွက် အပူဒဏ်သက်သာပြီး လှပနေစေမယ့် အဖြူရောင်ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်။

ဒီအဖြူရောင်ဖက်ရှင်လေးဆိုရင် လူငယ်ဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ ဒီလိုပုံစံလေးတွေက နွေရာသီနဲ့လည်း အရမ်းလိုက်ဖက်တယ်နော်။

နွေရာသီအတွက် ဖက်ရှင်ကျပြီး ချစ်ဖို့ကောင်းတဲ့ အဖြူရောင်ဖက်ရှင်လေးပါ။ လူငယ်ကောင်မလေးတွေဆို သဘောကျမှာပါ။

ဒီလိုအဖြူရောင်ဝမ်းဆက်လေးက ကြည့်လိုက်တာနဲ့ ရှင်းပြီး အရမ်းလှပါတယ်။ နွေရာသီအတွက် အရမ်းအဆင်ပြေတဲ့ ဖက်ရှင်လေးပါပဲ။

စကပ်အရှည်ကြီးတွေဝတ်တာ ခေတ်စားနေတာဆိုတော့ နွေရာသီမှာဆိုရင် ဒီလိုအဖြူရောင်ဖက်ရှင်လေးကို ဝတ်ကြည့်ပါ။

နွေရာသီအတွက် နောက်ထပ်လှပတဲ့ အဖြူရောင်ဂါဝန်အရှည် ဖက်ရှင်လေးပဲ ဖြစ်ပါတယ်။

အဖြူရောင်အင်္ကျီလေးတွေကို ဂျင်းစကပ်အတိုလေးတွေနဲ့ တွဲဝတ်တာမျိုးက ချစ်ဖို့ကောင်းပြီး ဘယ်တော့မှရိုးမသွားစေတဲ့ ဖက်ရှင်လေးတွေပါ။

စကပ်အတိုဝတ်ရတာကြိုက်တဲ့ ကောင်မလေးတွေအတွက် နွေရာသီမှာဝတ်ဖို့ အဖြူရောင်ဖက်ရှင်လေးပါ။

အဖြူရောင်ကြိုးတစ်လုံးအင်္ကျီလေးတွေကို ဂျင်းဘောင်းဘီအရှည်နဲ့လည်း ဒီလိုတွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ အတိုမဝတ်တဲ့သူတွေဆိုရင် နွေရာသီမှာ ဒီလိုလေးတွေ ဝတ်လို့ရပါတယ်။

ဒီအဖြူရောင်ဖက်ရှင်လေးတွေကတော့ အသက်ကြီးကြီးငယ်ငယ် လိုက်ဖက်တဲ့ ဖက်ရှင်လေးတွေပါ။ နွေရာသီမှာဝတ်ရတာလည်း ပေါ့ပါးမှုရှိစေပါတယ်။

ရိုးရှင်းပြီးချစ်ဖို့ကောင်းသလို ကြည့်လိုက်တာနဲ့ ဝတ်ရတာအေးပြီး သက်တောင့်သက်သာဖြစ်မှန်း သိသာစေတဲ့ အဖြူရောင်ဖက်ရှင်လေးပါ။

ဒီအဖြူရောင်ဖက်ရှင်လေးဆိုရင် ထသွားထလာဝတ်လည်း အဆင်ပြေသလို ကမ်းခြေသွားရင်လည်း ဝတ်ဖို့အဆင်ပြေပါတယ်။

Freestyle ပုံစံလေးနဲ့ လှနေစေမယ့် အဖြူရောင်ဖက်ရှင်လေးပါ။ နွေရာသီအတွက် အရမ်းအဆင်ပြေပါတယ်။

နွေရာသီမှာ ချည်သားဂါဝန်အတို အဖြူရောင်လေးတွေကလည်း ဝတ်ရတာအရမ်းပေါ့ပါးပြီး သက်တောင့်သက်သာရှိစေပါတယ်။ ချစ်ဖို့လည်းကောင်းပါတယ်။

အဖြူရောင်ချည်သားအင်္ကျီလေးတွေကို ဂျင်းဘောင်းဘီအတိုလေးတွေ၊ တခြားဘောင်းဘီအတိုလေးတွေနဲ့လည်း တွဲဝတ်နိုင်ပါတယ်။