ရာသီဥတုကလည်းပူလာတော့ အဝတ်အစားဝတ်တဲ့အခါမှာ ပေါ့ပါးမှုရှိစေမယ့်ဖက်ရှင်တွေကို ဝတ်ဆင်သင့်ပါတယ်။ ပူတဲ့အချိန်မှာ အရောင်ကိုရွေးချယ်မယ်ဆိုရင်တော့ အဖြူရောင်က အကောင်းဆုံးပါပဲ။ ဒါ့အပြင် နေရောင်ခြည်ဒဏ်ကိုလည်း ကာကွယ်နိုင်အောင် လုံခြုံတာလေးတွေဝတ်မယ်ဆိုရင်တော့ အသားလည်းမမဲတော့ဘူးပေါ့။ ဒါကြောင့် မိန်းကလေးတိုင်းအတွက် လုံလုံခြုံခြုံနဲ့ ပေါ့ပါးမှုရှိစေမယ့် အဖြူရောင်ဖက်ရှင်လေးတွေကိုပဲ ရွေးပြီးဖော်ပြပေးလိုက်ပါတယ်။
ရှပ်အင်္ကျီလက်တိုလေးတွေကို အရောင်တောက်တောက် ဘောင်းဘီရှည်လေးတွေနဲ့ တွဲဝတ်လိုက်မယ်ဆိုရင်တော့ ရိုးရိုးလေးနဲ့စတိုင်လ်ကျနေမှာပါ။
မိန်းကလေးဆန်တဲ့အင်္ကျီအဖြူလေးတွေ၊ ချစ်ဖို့ကောင်းတဲ့ အင်္ကျီအဖြူလေးတွေကိုဝတ်မယ်ဆိုရင်တော့ ဂျင်းဘောင်းဘီအရှည်လေးတွေနဲ့သာ တွဲဝတ်ပါ။ လုံလုံခြုံခြုံနဲ့ပေါ့ပါးမှုရှိပြီး ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းနေမှာပါ။
တည်ငြိမ်ပြီးလှပတဲ့ပုံစံမျိုးလေးကြိုက်ရင်တော့ ရှပ်အင်္ကျီလက်ရှည်အဖြူလေးတွေ၊ စတိုင်လ်ကျတဲ့ အင်္ကျီအဖြူလက်ရှည်လေးတွေကို ဒီလိုဘောင်းဘီအရှည်ရောင်စုံလေးတွေနဲ့ တွဲဝတ်ကြည့်ပါ။
အဖြူရောင်ရှပ်အင်္ကျီလက်ရှည်ကို ဂျင်းဘောင်းဘီအရှည်လေးတွေနဲ့ တွဲဝတ်တာမျိုးကတော့ ဘယ်တော့မှရိုးမသွားပဲ ရိုးရိုးရှင်းရှင်းလေးနဲ့ အမြဲစတိုင်လ်ကျနေစေမယ့် ဖက်ရှင်လေးပါ။
တီရှပ်အဖြူလေးတွေဆိုရင် ဂျင်းဘောင်းဘီနဲ့ပဲဝတ်ဝတ်၊ ပေါ့ပါးမှုရှိစေမယ့် ဘောင်းဘီလေးတွေနဲ့ပဲဝတ်ဝတ် ရိုးရိုးလေးနဲ့ စတိုင်လ်ကျနေမှာပါ။ ဒါ့အပြင် ဝတ်ရတာလည်း လုံလုံခြုံခြုံနဲ့ ပေါ့ပါးမှုရှိစေပါတယ်။
photo source: www.pinterest.com