ဘယ်လမ်းကိုမှ ကိုယ့်အိပ်မက်ခေါ်ဆောင်ရာလမ်းနောက် ဝေးဝေးလျှောက်နိုင်မှာ မဟုတ်ပါဘူး။
သာမန်လူတွေဟာ သူတို့ဘဝကို မောင်းနှင်ကြတဲ့နေရာမှာ ကိုယ်ပိုင်အိပ်မက်တွေနဲ့မဟုတ်ဘဲ တခြားသူတွေ ဖော်ဆောင်ထာတဲ့ လမ်းကြောင်းပေါ်မှာပဲ နင်းလျှောက်မောင်းနှင်ကြပါတယ်။ အဲဒီလူတွေဟာ ရရှိသမျှ အချိန် ကာလတွေမှာ အလုပ်ဖိအားတွေအောက် ရှုန်းကန်လှုပ်ရှားကြပေမယ့် ရရှိတဲ့အကျိုးအမြတ်ကိုကျတော့ အပြည့်အဝခံစားကြရတာ မဟုတ်ပါဘူး။
နောက်ဆုံးကျတော့လည်း သူတို့ အစကောင်းသလောက် သူတို့ရဲ့ အဆုံးသတ်ဟာ သိပ်မလှပကြပါဘူး။ ဦးတည်ချက်မရှိတဲ့ ဘဝခရီးဟာ တစ်ခါတစ်လေမှာ ပျော်ရွှင်ဖို့ကောင်းပေမယ့် တစ်ဘဝလုံးကို ဘာဦးတည်ချက်မှ မရှိဘူး ဆိုရင်တော့ ဒုက္ခလှလှကြီးကို တွေ့ရပါလိမ့်မယ်။
တကယ်တော့ အောင်မြင်မှုဆိုတာ ခရီးတစ်ခုဖြစ်တာကြောင့် အဲဒီခရီးကို ရောက်ဖို့ဆိုတာ ချက်ခြင်းကြီး ထဖြစ်တာမျိုးမဟုတ်ပါဘူး။ ဆိုလိုတာက ကိုယ်သွားလိုရာ နေရာတစ်ခုကို ရောက်ဖို့ အချိန်လိုပါတယ်၊ အရည်အချင်းတွေလိုပါတယ်။ အတွေ့အကြုံ၊ အတွေးအခေါ်တွေ လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ်သွားလိုရာ ပန်းတိုင်ကို ကိုယ်ဘယ်လမ်းကနေ ရောက်အောင်သွားမလဲဆိုတာ မစဉ်းစားမရွေးချယ်ပဲနှင့်အဲဒီနေရာကို ရောက်နိုင်မှာ မဟုတ်ပါဘူး။
လူတို့ဟာ သူတို့ဖြစ်ချင်တဲ့ ကြီးမားသောရည်မှန်းချက်တွေကို နှလုံးသားတစ်နေရာရာမှာ ရေးထိုးထားပြီးသား ဖြစ်ကြပါလိမ့်မယ်။ ထီပေါက်ချင်တဲ့ဆိုတဲ့ ရည်မှန်းချက်မျိုးကို ဆိုလိုနေတာ မဟုတ်ရပါဘူး။ ဒီလိုတွေးခေါ်မှုမျိုးက ကိုယ်တကယ်ရည်စူးစိုက်သန်ထားတဲ့ နှလုံးသားထဲက လာတာမဟုတ်ပါပဲ ကိုယ့်အိမ်ကနေ မမှီခိုလိုတော့တဲ့အတွေးမျိုးကနေ ဖြစ်တည်လာတတ်တာပါ။
အခုဆိုလိုတဲ့ ရည်မှန်းချက်တော့ ကိုယ့်ရဲ့ နှလုံးသားထဲ ဝိညာဏ်ထဲကလာတဲ့ ကိုယ်တစ်ကယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်အိမ်မျိုးကို ပြောနေခြင်းဖြစ်ပါတယ်။ ဒီရည်မှန်းချက်ကို ဖော်ဆောင်ဖို့အတွက် ကျွန်တော်တို့ လူဖြစ်လာရတယ်လို့လည်း ပြောချင်ပါတယ်။ ဘဝရဲ့ ရည်ရွယ်ချက်လို့လည်း ပြောလို့ ရပါလိမ့်မယ်။ တကယ်တော့ အိပ်မက်ဆိုတာ ကိုယ့်အောင်မြင်မှုလမ်းစဉ်အတွက် အစပျိုးပေးလိုက်တဲ့ ပထမဆုံးသော အဆင့်ဖြစ်ပါတယ်။
Photos: Pixabay