ကမ္ဘာပေါ်မှာ အလှအပမကြိုက်တဲ့ မိန်းကလေးတွေဆိုတာတော့ မရှိပါဘူး။ အလှအပအတွက် အားစိုက်ထုတ်မှု သိပ်မရှိတဲ့ မိန်းကလေးနဲ့ ကိုယ်လှဖို့အတွက် အစွမ်းကုန် ကြိုးစားတဲ့ မိန်းကလေးတွေဆိုပြီးပဲ ကွဲသွားတာပါ။ ခေတ်စကားနဲ့ ပြောရမယ်ဆိုရင်တော့ ပဲနည်းနည်း များတဲ့သူနဲ့ ပဲအရမ်းများတဲ့သူလို့ ပြောရမှာပေါ့နော်။ စာဖတ်သူ ပျိုမေလေးကရော ဘယ်ထဲမှာ ပါသွားလဲ။

အခုဖော်ပြပေးမှာကတော့ စတိုင်လ်အကျဆုံးလို့ သတ်မှတ်ခံထားရတဲ့ ရာသီခွင်တွေအကြောင်းပဲဖြစ်ပါတယ်။ အမှတ်စဉ် အများဆုံးကနေ ထိပ်ဆုံးကို ဖော်ပြပေးသွားမှာမို့လို့ ကိုယ့်ရာသီခွင်က ဘယ်အမှတ်စဉ် ချိတ်မလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်နော်။

၁၂။ ဗြိစ္ဆာရာသီဖွား

အမှတ်စဉ် (၁၂) မှာ ရှိလို့ဆိုပြီး ဗြိစ္ဆာရာသီဖွားတွေက စတိုင်လ်မကျဘူးလို့ ပြောတာမဟုတ်ပါဘူးနော်။ သူတို့လေးတွေက စတိုင်လ်အသစ်ထွင်ပြီး စမ်းဝတ်ရမှာကို မနှစ်သက်ကြပါဘူး။ အဝတ်ဘီဒိုရှေ့မှာ အချိန်အကြာကြီး ရွေးနေရတာကိုလည်း မုန်းကြပါတယ်။ ကိုယ် ဝတ်နေကျပုံစံလေးကိုပဲ ပုံသေကားချပ်ထားပြီး ဝတ်ဆင်ကြတဲ့သူတွေပါ။ ဒီနေ့မှာ သူတို့ဘာဝတ်လာမလဲဆိုတာကိုတောင် အခြားသူက ခန့်မှန်းလို့ ရနိုင်ပါတယ်။

၁၁။ မိန်ရာသီဖွား

သူတို့လေးတွေကတော့ အရောင်ဖျော့ အဝတ်အစားတွေ ဝတ်ဆင်ရတာ ကြိုက်နှစ်သက်သူတွေပါ။ သူတို့တွေက ဖက်ရှင်ကို ဆန်းဆန်းပြားပြားမဟုတ်ဘဲ ခေတ်မှီအောင် ဝတ်ဆင်ကြသူတွေပါ။ ကိုယ့်ရည်းစားထက် ကိုယ့်ယောက္ခမလောင်းတွေရှေ့မှ ပိုပြီး ဖက်ရှင်ကျချင်တဲ့သူတွေပါ။

၁၀။ ဓနုရာသီဖွား

ဒီရာသီဖွားတွေကတော့ သူတို့ စိတ်အခြေအနေပေါ်မူတည်ပြီး ဝတ်စားဆင်ယင်ပုံတွေ ပြောင်းလဲသွားတဲ့သူတွေပါ။ စိတ်မရွှင်တဲ့နေ့တွေဆို အရောင်မှိုင်းမှိုင်းတွေ ဝတ်တတ်ပြီး စိတ်ပျော်တဲ့နေ့ကျမှ ဖက်ရှင်ကျအောင် ဝတ်စားတတ်သူတွေပဲဖြစ်ပါတယ်။

၉။ ကန်ရာသီဖွား

သူတို့လေးတွေကတော့ လက်တွေ့ကျပြီး ရင့်ကျက်တဲ့သူတွေဖြစ်တဲ့အားလျော်စွာ သူတို့ဖက်ရှင်ကိုလည်း လူငယ်ဆန်တဲ့ဖက်ရှင်ထက် နန်းစံတဲ့ဘက်သွားတာများပါတယ်။ ဒါ့ကြောင့် ဖက်ရှင်အမြင်အရ ပြောရမယ်ဆိုရင်တော့ တီထွင်ဆန်းသစ်မှု သိပ်မရှိဘူးလို့ ပြောရမှာပါပဲ။ ဖက်ရှင်နဲ့ ပတ်သက်ရင် တစ်ချိန်လုံး နန်းစံနေရမယ်၊ ကျက်သရေရှိနေရမယ် အဲ့ဒီလိုမျိုးမဟုတ်ပါဘူး။ ပေါ့ပေါ့ပါးပါးဖက်ရှင်ဘက်ကိုလည်း ဖက်ရှင်အလှည့်အပြောင်းလေး ပြုလုပ်ဖို့ လိုပါမယ်။

၈။ သိဟ်ရာသီဖွား

ဒီရာသီဖွားတွေကတော့ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်လာရင် ကိုယ့်အဝတ်အစားကို ဘယ်လိုလေးထွင်ဝတ်ရင်တော့ ဖက်ရှင်ကျမယ်ဆိုတာ သိတဲ့သူတွေပါပဲ။

၇။ ပြိဿရာသီဖွား

ဒီမိန်းမပျိုလေးတွေအနေနဲ့ကတော့ ဘယ်ဖက်ရှင်က ခေတ်စားနေပြီ ဘယ်လိုဝတ်ရမယ်ဆိုပြီး ဖက်ရှင်ရေစီးကြောင်းနောက် လိုက်လေ့မရှိပါဘူး။ ဒါပေမဲ့လည်း ဂျင်းဘောင်းဘီနဲ့ အဖြူရောင်တီရှပ်လို ဖက်ရှင်ရိုးရိုးလေးကတောင် သူတို့ကို ဖက်ရှင်ကျစေပါတယ်။

၆။ တူရာသီဖွား

တူရာသီဖွားတွေကတော့ ခန့်မှန်းရခက်တဲ့သူတွေပါ။ ဒီနေ့မှာ သူတို့က ဖက်ရှင်ကျကျ ဝတ်ချင်ဝတ်နေပေမယ့် မနက်ဖြန်ကျရင် ဖက်ရှင်ဆိုတာ သိရဲ့လားလို့တောင် မေးယူရလောက်တဲ့အထိ ဝတ်ချင် ဝတ်နေတတ်တာပါ။

၅။ မိဿရာသီဖွား

ဒီရာသီဖွားတွေကတော့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိတဲ့သူတွေပါ။ အဝတ်အစားကို ဘယ်လိုလိုက်ဖက်အောင် ဝတ်ဆင်ရမယ်ဆိုတဲ့ ဖက်ရှင်အမြင်ရှိကြပါတယ်။

၄။ မကာရရာသီဖွား

သူတို့လေးတွေကတော့ Brand အစွဲ နည်းနည်းရှိပါတယ်။ ကိုယ် ဝတ်ထားတဲ့ အဝတ်အစားတွေက ဈေးကြီးတဲ့ပုံပဲလို့ အထင်ခံရအောင် ဝတ်တတ်တဲ့သူတွေပါ။

၃။ မေထုန်ရာသီဖွား

မေထုန်ရာသီဖွားတွေကတော့ စတိုင်လ်အသစ်၊ ဖက်ရှင်အသစ် ထွင်ဝတ်ရတာ ကြိုက်နှစ်သက်တဲ့သူတွေပါ။ သူတို့တွေကတော့ Brand အစွဲ မရှိကြပါဘူး။ သက်သောင့်သက်သာဖြစ်ပြီး စတိုင်လ်ကျဖို့ကသာ သူတို့အတွက် အရေးကြီးဆုံးပါ။

၂။ ကရကဋ်ရာသီဖွား

ဒီရာသီဖွားတွေက အင်္ကျီပွပွတွေထက် ခန္ဓာကိုယ် ကောက်ကြောင်းအလှပေါ်စေတဲ့ အဝတ်အစားတွေကိုသာ ရွေးချယ်ဝတ်ဆင်လေ့ရှိပါတယ်။ လမ်းပေါ်မှာ မြင်တွေ့လိုက်တဲ့သူတိုင်းက လှလိုက်တာဆိုပြီး လည်ပြန်ကြည့်ချင်လာအောင် ဆွဲဆောင်သူတွေပါပဲ။

၁။ ကုမ်ရာသီဖွား

ကုမ်ရာသီဖွားတွေကတော့ စတိုင်လ်အကျဆုံးလို့ သတ်မှတ်ခံထားရတဲ့သူတွေပါ။ သူတို့တွေက ဖက်ရှင်ဆိုင်ရာစည်းမျဉ်းတွေကို ချိုးဖောက်ဖို့ ဝန်မလေးဘဲ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်စတိုင်လ်၊ ကိုယ်ပိုင်ဖက်ရှင်ကို ရဲရဲဝံ့ဝံ့ဖန်တီး ဝတ်ဆင်တတ်တဲ့သူတွေပါပဲ။

ပျိုမေလေးတို့ရော အမှတ်စဉ် ဘယ်လောက်မှာ ဗိုလ်စွဲထားကြလဲ ပြောပြခဲ့ကြဦးနော်။

Source: Herbeauty.co