အားလုံးပဲမင်္ဂလာပါနော်။ လူတစ်ယောက်နဲ့ တစ်ယောက် မျက်နှာကျပုံမတူပါဘူး။ တချို့က မျက်နှာဝိုင်းကြတယ်။ တချို့က ချွန်ကြတယ်။ တချို့က လေးထောင့်ကျကြပါတယ်။

သင့်မျက်နှာကျပုံကတော့ ဘယ်လိုပုံစံလေးဖြစ်မလဲ

  • အသဲပုံလား
  • လေးထောင့်လား
  • ဝိုင်းဝိုင်းလေးလား
  • စိန်ပုံစံလား
  • ရှည်ရှည်လေးလား
  • ကြက်ဥလို ပုံလေးလား

လိုက်ဖက်တဲ့မျက်ခုံးမွှေးပုံစံ

မျက်နှာရှည်တဲ့သူတွေ

မျက်ခုံး ခုံးတာကို ရှောင်ပါ။ မျက်ခုံးမွှေးတန်းတန်းလေးနဲ့ ပိုလိုက်ဖက်ပါတယ်။ မျက်ခုံးမွှေး ခုံးခုံးလေးဆိုရင် မျက်နှာ ပိုရှည်သလို ထင်ရစေပါတယ်။

မျက်နှာဝိုင်းဝိုင်း

မျက်နှာဝိုင်းသူတွေကတော့ မျက်ခုံး ခုံးခုံးလေးနဲ့ လိုက်ဖက်ပါတယ်။ ဒါပေမယ့် အရမ်းခုံးတာမျိုးမဟုတ်ဘဲ ပြေပြေလေး ခုံးတာမျိုးနဲ့ လိုက်ဖက်ပါတယ်။ မျက်ခုံးဝိုင်းတဲ့ပုံစံကို ရှောင်ပါ။ မျက်နှာကို ပိုဝိုင်းသလိုထင်ရစေပါတယ်။

ကြက်ဥပုံမျက်နှာ

ကြက်ဥပုံမျက်နှာကျကတော့ မျက်ခုံးမွှေး ခပ်ပါးပါးလေး ခုံးပေးတာ ပိုလှပါတယ်။ ကြက်ဥပုံမျက်နှာကျက အရမ်းကိုလှတဲ့ မျက်နှာကျလေးဖြစ်ပါတယ်။

လေးထောင့်ပုံမျက်နှာကျ

လေးထောင့်ပုံမျက်နှာကျကတော့ မျက်ခုံးဝိုင်းဝိုင်း (သို့) နည်းနည်းလေး ခုံးတာနဲ့ ပိုလိုက်ပါတယ်။

အသဲပုံမျက်နှာကျ

သူတို့လေးတွေကလည်း မျက်ခုံးမွှေးဝိုင်းဝိုင်းလေးတွေ မျက်ခုံးမွှေး ခပ်နိမ့်နိမ့်လေး ခုံးနေတာတွေနဲ့လိုက်ဖက်ပါတယ်။

စိန်ပုံမျက်နှာကျ

စိတ်ပုံမျက်နှာကျကတော့ မျက်ခုံးမွှေး ထူထူလေး ခုံးခုံးလေးနဲ့ လိုက်ဖက်ပါတယ်။

Source: www.stylecraze.com